ပခုက္ကူမြို့ အမှတ်(၅)ချည်မျှင်နှင့်အထည်စက်ရုံမှ စက်ရုံမှူး ဗိုလ်မှူးနှင့်ဇနီး ပစ်ခတ်ခံရ

ပခုက္ကူမြို့ အမှတ်(၅)ချည်မျှင်နှင့်အထည်စက်ရုံမှ စက်ရုံမှူး ဗိုလ်မှူးနှင့်ဇနီး ပစ်ခတ်ခံရ

(မဇ္ဈိမ)။ ။မကွေးတိုင်း ပခုက္ကူမြို့၊ မြို့သစ်ရပ်ကွက်ရှိ အမှတ်(၅) ချည်မျှင်နှင့်အထည်စက်ရုံမှ စက်ရုံမှူး ဗိုလ်မှူးအောင်ဇော်ဦးနှင့်ဇနီးတို့ ယနေ့ ဩဂုတ်လ ၂၆ ရက် နံနက် ၆ နာရီခန့်ကပစ်ခတ်ခံရပြီး ဇနီးဖြစ်သူ သေဆုံးသွားကြောင်း သတင်းရရှိသည်။

ပခုက္ကူမြို့ အမှတ် (၅) ချည်မျှင်နှင့်အထည်စက်ရုံမှ CDM ဝင်ထားသည့်ဝန်ထမ်းများက စက်ရုံမှူးဖြစ်သူ ဗိုလ်မှူးအောင်ဇော်ဦးအားတိုင်ကြား၍ ဖမ်းဆီးနေစဉ် ၎င်းမှသေနတ်ဖြင့်ပစ်ခတ်ခဲ့၍ အပြန်အလှန်ပစ်ခတ် မှုဖြစ်ပွားခဲ့ကြောင်း Young Force – UG အဖွဲ့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထား သည်။

“အစက ကျွန်တော်တို့သွားတာက သူ့ကို ပစ်ခတ်ရှင်းလင်းဖို့ မဟုတ်ဘူး။ သူ့ကို ဖမ်းဆီးမယ်။ စစ်ဆေး အရေးယူမယ်။ စည်းမျဉ်းစည်းကမ်းဥပဒေအရပဲ ထိန်းသိမ်းမယ်လို့စီစဉ်ပြီးတော့ သူ့ကိုသွားဖမ်းတာဗျ။ ဒါပေမယ့် အဲဒီအချိန်မှာ သူက ကျွန်တော်တို့ကို သူ့မှာရှိတဲ့သေနတ်နဲ့ ပစ်တယ်။ ပြန်ပစ်တဲ့ချိန်မှာ ကျွန်တော် တို့ဘက်ကပြောသေးတယ် ဆရာကြီး လက်နက်ချ အဖမ်းခံပါပေါ့။ ဒါပေမယ့် သူကမရဘူး။ အဲဒီလိုကနေ အပြန်လှန်ပစ်ခတ်ခဲ့တယ်။ သူ့ဘေးနားမှာရှိတဲ့ သူ့ဇနီးက နေရာမှာပွဲချင်းပြီးသေတယ်” ဟု Young Force – UG မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့် စက်ရုံမှူး ဗိုလ်မှူးအောင်ဇော်ဦး၏ဇနီးမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ဗိုလ်မှူးအောင်ဇော်ဦးကိုမူ ဆေးရုံသို့ပို့ဆောင်ခဲ့ရာ နေပြည်တော်ဆေးရုံကို လွှဲပြောင်းထားသည်ဟု Young Force တာဝန်ခံထံမှ သိရသည်။

ဗိုလ်မှူးအောင်ဇော်ဦးထံမှ Laptop တစ်လုံး၊ လူကြီးခရီးစဉ်မှတ်စုစာအုပ်တစ်အုပ်နှင့် ကားတစ်စီးအား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ပြည်သူ့စစ်ခေါင်းဆောင်များ၏ အချက်အလက်များပါရရှိထားပြီး အရေးယူမှု များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ပစ်ခတ်မှုဖြစ်နေစဉ်အတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်ကူရောက်ရှိလာသည့်အတွက် Young Force အဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု သိရသည်။

ဗိုလ်မှူးအောင်ဇော်ဦးသည် CDM များအား စက်ရုံမှ နှင်ထုတ်ခြင်း၊ ကိုယ်ထိလက်ရောက်ပြုလုပ်ခြင်းများ အထိ နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်ကြောင်း Young Force -UG က ထုတ်ပြန်သည်။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...