ကနီမြို့နယ် ချမ်းသာစု ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးကျော် သေဆုံး

ကနီမြို့နယ် ချမ်းသာစု ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးကျော် သေဆုံး
သန့်ဇော်(သန်လျင်)
သန့်ဇော်(သန်လျင်)

စစ်ကိုင်းတိုင်း၊ ကနီမြို့ အထက်ဘက် ချင်းတွင်းမြစ်ကြောင်း ဘေးရှိ ချမ်းသာစု ကျေးရွာအနီးတွင် စစ်ကောင်စီတပ် နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သြဂုတ်လ ၂၃ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲ စတင် ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦး အထက် သေဆုံးပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် လေးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLG PDF) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆိုသည် ။

" ဘုမ္မဇင်း ကျေးရွာ ကနေထွက်လာတဲ့ စစ်အင်အား ၇၀ ခန့်ပါတဲ့ စစ်ကြောင်းကို ချမ်းသာစု ကျေးရွာအနီးမှာ ပထမဆုံး မိုင်းခွဲတိုက်ခိုက်ခဲ့တယ် ၊ ပြီးတော့ လက်နက်ကြီး ငယ် တွေ နဲ့ အပြန်အလှန် ထိတွေ့တိုက်ပွဲ နှစ်နာရီ လောက် ဖြစ်ပွားခဲ့တယ် ၊ စစ်ကောင်စီတပ်သား အသေဆုံး ၁၀ ဦး အထက်ရှိနိုင်တယ် ၊ အဝေးကြည့်မှန်ပြောင်းကနေ မြင်ရတာတော့ စစ်သား အလောင်းတွေကို သဲအိတ်တွေ နဲ့ တွဲပြီး ရေထဲ မြှုပ်နေတာတွေ့ရတယ် ၊ ကျနော်တို့ဘက်ကတော့ ရဲဘော်လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်" ဟု KLG PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက မဇ္ဈိမက်ိုပြောသည်။

အဆိုပါတိုက်ပွဲတွင် ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် (KLG PDF ) ၊ MPDF ခရိုင်တပ်ရင်း (၁) -De Mo တပ်ခွဲ နှင့် ကနီမြို့နယ် မဟာမိတ်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...