စစ်ကောင်စီနှင့်ဗဟိုဘဏ်သည် ခြောက်ပြစ်ကင်း သဲလဲစင်မဟုတ်သည့်အပြင် ချို့ယွင်းချက်များရှိနေ ကြောင်း စစ်ကောင်စီပြောဆို

စစ်ကောင်စီနှင့်ဗဟိုဘဏ်သည် ခြောက်ပြစ်ကင်း သဲလဲစင်မဟုတ်သည့်အပြင် ချို့ယွင်းချက်များရှိနေ ကြောင်း စစ်ကောင်စီပြောဆို

စစ်ကောင်စီနှင့် ဗဟိုဘဏ်သည် ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်သည့်အပြင် ချို့ယွင်းချက် များရှိနေကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုသည်။

ဩဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးမြန်းခြင်းအပေါ် ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အစိုးရနဲ့ ကျွန်တော်တို့ဗဟိုဘဏ်သည် ခြောက်ပြစ်ကင်းသဲလဲစင်လို့ မပြောပါဘူး။ ချို့ယွင်း ချက်တွေလည်းရှိပါတယ်။ ချို့ယွင်းချက်တွေ ပြင်နိုင်အောင်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။

ထို့ပြင် ဗဟိုဘဏ်က ထုတ်ပြန်ညွှန်ကြားထားသည့် ငွေကြေးဆိုင်ရာ မူဝါဒများကိုလည်း လက်တလော တွင် ဖြေလျှော့ပေးမည့်အစီအစဉ်မရှိသေးကြောင်း ၎င်းကဆိုသည်။

“မူဝါဒတွေချမှတ်ရတဲ့ အကြောင်းအရင်းကတော့ မချမှတ်လို့မဖြစ်လို့ ချမှတ်ရခြင်းဖြစ်ပါတယ်။ တချို့ဟာ မှာလည်း နာကျင်ပါတယ်။ နာကျင်အောင်လည်း လုပ်ရပါတယ်။ ဒါ ပေါ်လစီပါပဲ” ဟု ၎င်းကဆိုသည်။

ဗဟိုဘဏ်အနေဖြင့် စီးပွားရေးတိုးတက်မှုနှုန်းကို အထောက်အကူပြုစေမည့် ငွေကြေးဆိုင်ရာမူဝါဒများ အား အကောင်အထည်ဖော်ဆောင်ရွက်နေပြီး နှစ်ဖက်စလုံးအတွက် ထိန်းညှိဆောင်ရွက်မှုများ ပြုလုပ် သွားမည်ဟု ဆက်လက်ပြောဆိုသည်။

“ထိန်းညှိဆောင်ရွက်တဲ့အခါမှာ တချို့နေရာတွေ၊ တချို့ကဏ္ဍတွေမှာထိခိုက်မှုတော့ ရှိပါလိမ့်မယ်။ အခု အချိန်မှာ ဖြေလျှော့လို့ မရသေးပါဘူး။ အချိန်အတိုင်းအတာတစ်ခုရောက်ရင်တော့ ပေါ်လစီများ ဖြေလျှော့ မှုတွေ လုပ်ပေးပါမယ်" ဟု ၎င်းက ဆက်လက်ပြောဆိုထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ စောဖေ

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...