စစ်ကောင်စီတပ်က ဟိုင်မွာလ်ကျေးရွာက လူနေအိမ် ၁၀ လုံးကျော် မီးရှို့ပြီး ဒေသခံလူငယ် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကောင်စီတပ်က ဟိုင်မွာလ်ကျေးရွာက လူနေအိမ် ၁၀ လုံးကျော် မီးရှို့ပြီး ဒေသခံလူငယ် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဟိုင်မွာလ်ရွာသစ်ကို စစ်ကောင်စီတပ်ဖွဲ့က သြဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲကျော်ကျော်ခန့်က မီးရှို့ခဲ့ရာတွင် လူနေအိမ်ခြေ ၁၅ လုံးခန့် လောင်ကျွမ်းခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များ ရွာထဲသို့ဝင်ရောက်လာပြီးနောက် ပြည်သူတချိူ့ကို ဖမ်းဆီးကာ ပြန်လွှတ်ပေးခဲ့သော်လည်း အသက် ၁၇ နှစ်အရွယ်ရှိသော မ Lalnunpuii နှင့် မောင်ဖြစ်သူ အသက် ၁၅ နှစ်အရွယ် Lalruatmawia တို့နှစ်ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဟု ဟိုင်မွာလ်ဒေသခံတစ်ဦးက ပြောသည်။

ဟိုင်မွာလ်ရွာသစ်သည် အိန္ဒိယ-မြန်မာနယ် နယ်စပ်ကုန်သွယ်ရေးလမ်း ကလေး-တီးတိန်-ရိ ကားလမ်းမပေါ်တွင်တည်ရှိသော ကျေးရွာဖြစ်ပြီး ယခုလက်ရှိတွင် ရွာသားအားလုံးသည် တဖက်မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု သိရသည်။

အင်အား ၃၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဟိုင်မွာလ်ကျေးရွာသို့ ယနေ့တိုင် စခန်းချရှိနေသေးကြောင်း သိရသည်။

ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDF-Hualngoram တပ်ဖွဲ့ကလည်း သြဂုတ်လ ၁၅ ရက်နေ့ကစ၍ ကလေးမြို့နှင့် ရိခေါဒါရ်မြို့အကြား မော်တော်ယာဉ်လိုင်းပြေးဆွဲမှုကို နယ်မြေလုံခြုံရေးအရ ခေတ္တပိတ်ပင်လိုက်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...