ဟိုပုံးမြို့ရှိ CDM မှ Non – CDM ပြန်လည် ပြုလုပ်သည့် ဝန်ထမ်း များ (၈) လကြာ လစာမရ

ဟိုပုံးမြို့ရှိ CDM မှ Non – CDM ပြန်လည် ပြုလုပ်သည့် ဝန်ထမ်း များ (၈) လကြာ လစာမရ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ရှိ Non CDM ပညာရေးဝန်ထမ်းများ နှင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများသည် (၈) လကြာ လစာမရသောကြောင့် စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ထမ်းများ နှင့် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများသည် ယခင်က (CDM) ပြုလုပ်ထားသော ဝန်ထမ်းများ ဖြစ်ခဲ့ကြပြီး (ဇန်နာဝါရီ) မှစတင်ပြီး (Non-CDM) ဖြင့် အလုပ်ပြန်ဝင်ရာမှ ယနေ့အချိန်ထိ လစာ မရသေးသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲ ကြုံတွေ့နေရကြောင်း နီးစပ်သူတစ်ဦးမှ သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ Non – CDM ဝင်လုပ်တဲ့ သူတချို့က (၁) လပိုင်းကနေ ဝင်လာကြတဲ့သူတွေရှိတယ်။ ပြည်နယ် ဦးစီးဌာနက လစာမထုတ်ပေးဘူး။ တချို့တွေက (၈) လကြာပြီ မရတာ၊ တချို့တွေလည်း အရင် (ဇူလိုင်) လကဝင်လာတဲ့ သူတွေရှိတယ်။ အကုန်လုံးပဲ ၂၀၂၂ ခုနှစ် နောက်ပိုင်း (Non-CDM) ပြန်ဝင်ကြတဲ့သူတွေက ပြည်နယ်ဦးစီးဌာနက ပြန်ဝင်လာကြတဲ့သူတွေကို လစာမပေးဘူးလို့ အမိန့်ထုတ်ထားတယ်။ စားဝတ်နေရေးအတွက် ကြုံသလိုဖြေရှင်း နေရတယ် “ ဟု ၎င်းနီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိ Non – CDM ပြုလုပ်သော ပညာရေးဝန်ထမ်းများက ကျူရှင် ဖွင့်လှစ်သင်ကြားခြင်း ကျန်းမာရေး ဝန်ထမ်းများက အိမ်တိုင်ရာရောက် ဆေးကုသမှု ဝန်ဆောင်မှု ပေးခြင်းများ ပြုလုပ်ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေရသည်။

အဆိုပါ ၂၀၂၁ ခုနှစ် (နိုဝင်ဘာ) လမှစ၍ ( Non-CDM ) ဖြင့် ပြန်ဝင်ခဲ့ကြသော ဝန်းထမ်းများမှာ လစာမရသော်လည်း (ကိုဗစ်-၁၉) ချေးငွေများကို လတိုင်းဖြေရှင်းနေရသည်ဟု သတင်းသိရသည်။

“ ၂၀၂၁ ခုနှစ်တွေ (Non-CDM) ပြန်ဝင်ကြတဲ့သူတွေက လစာရတယ်ဆိုပေမယ့် သူတို့မှာ လတိုင်း အကြွေးဆပ်နေရတယ်။ ကိုဗစ် -၁၉ ချေးငွေကို သူတို့က လတိုင်းပေးရတယ်။ တစ်လဘယ်လောက် ဖြတ်လဲတော့ သေချာမသိရဘူး။ လစာနှုန်းပေါ်မှာ မူတည်ပြီး သူတို့က ဖြတ်တယ် “ ဟု ၎င်း အထက်ပုဂ္ဂိုလ်တစ်ဦးက ထပ်လောင်းပြောသည်။

ထိုသို့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့များသည် (CDM) ပြုလုပ်သော ဝန်ထမ်းများကို နည်းမျိုးစုံဖြင့် ဖိအားပေးပြီး ယနေ့အချိန်ထိ ဖမ်းဆီးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...