စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဟားခါးမြို့နယ်တွင် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံး

စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဟားခါးမြို့နယ်တွင် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့အနီး နှီယာလောန်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်က ဟားခါးမြို့ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော ဝန်ကြီးအိမ်ယာနှင့် ခရိုင်ရုံးအနီးတွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် နှီယာလောန်ကျေးရွာမှ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲကာ အိမ်ရှင် ဒေါ်ရှာမ်အဲမ် ပွဲခြင်းပြီးသေဆုံးခဲ့သည်ဟု နှီယာလောန်ဒေသခံတစ်ဦးက ပြောသည်။

“သူက မီးဖိုချောင်မှာ ထမင်းချက်တယ်၊ အဲဒီချိန်မှာ ဗုံးကကျရောက်ပေါက်ကွဲလာတာ၊ မီးဖိုချောင်က နေလို့မရဘူး အကုန်ပျက်စီးသွားတယ်၊ လူငယ်တစ်ယောက်လည်း ဒဏ်ရာရတယ်၊ အခုက ဆေးရုံမှာထားတယ်။ ဒီမနက် ဗုံးက နှစ်ခါကျတော့ လျှပ်စစ်ကြိုးလည်း သုံးနေရာလောက်ပျက်သွားတယ်” ဟု နှီယာလောန်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ယမန်နေ့ မနက် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် နှီယာလောန်ကျေးရွာက လူနေအိမ် ၇ လုံးလည်း ထိခိုက်ပျက်စီးသွားသည်ဟု သူကဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့တွင်လည်း နှီာယာလောန်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်ခဲ့ကြပြီး နှီာယာလောန်ဘုရားကျောင်းက အထွေထွေအလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်နေသူ ဆလိုင်းမန်လျန်ဆန်ကို စစ်ကောင်စီတပ်ဖွဲ့မှ ပစ်သတ်ခဲ့သည်။

နှီာယာလောန်ကျေးရွာသည် ဟားခါးမြို့နှင့် ၇ မိုင်ကွာဝေးပြီး အိမ်ခြေ ၁၇၀ ဝန်းကျင်ရှိသည်ဟု သိရသည်။

Most read this week

ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...