Ayeyarwaddy Times သတင်းဌာန၏ အယ်ဒီတာဟောင်း ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

Ayeyarwaddy Times သတင်းဌာန၏ အယ်ဒီတာဟောင်း ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် ဧရာဝတီတိုင်းမ်( Ayeyarwaddy Times ) သတင်းဌာန၏ အယ်ဒီတာဟောင်း ကိုမျိုးမင်းထွန်းကို စစ်ကောင်စီတပ်က ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်ကြောင်း အကျဥ်းထောင် ဝန်ထမ်းများထံက သိရသည်။

စစ်ကောင်စီလက်အောက်ခံ ပုသိမ်ထောင်တွင်းတရားရုံးက ပုဒ်မ ၅၀၅ (က) ဖြင့် သြဂုတ်လ ၁၀ ရက် နံနက်ပိုင်းတွင် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကိုမျိုးမင်းထွန်းသည် ပုသိမ်မြို့၊ အမှတ် (၁) ရပ်ကွက်၊ ငဝန်ကျွန်းသာ (၁ ) ရှိ ၎င်း၏နေအိမ်တွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်နေ့က စစ်ကောင်စီတပ်များနှင့် ရဲများ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။

ယင်းနောက် အနောက်တောင်တိုင်း စစ်ဌာနချုပ်ထဲရှိ စစ်ကြောရေးတွင် စစ်ကောင်စီက ၎င်းအား စစ်ဆေးခဲ့ပြီး ပုသိမ်ထောင်သို့ ပို့ဆောင်ကာ ယခုကဲ့သို့အမိန့်ချခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်း၌ ပုသိမ်မြို့အခြေစိုက် မြန်မာသံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်းကို ပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ) အမှုနှစ်မှုဖြင့် စစ်ကောင်စီလက်အောက်ခံ ပုသိမ်ထောင်တွင်းတရားရုံးက ထောင် ဒဏ် နှစ်နှစ်ချမှတ်ခဲ့သေးသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်အကျဥ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဥ်းသား ဦးရေ ၃၀၀ ကျော်နှင့် နိုင်ငံရေးအကျဥ်းသူ ဦးရေ ၅၀ ခန့်ရှိနေသည်ဟု ပုသိမ်အကျဉ်းထောင်ဝန်ထမ်းများထံက သိရသည်။

ကိုမျိုးမင်းထွန်းသည် ဧရာဝတီတိုင်းမ် သတင်းဌာန၏ အယ်ဒီတာဟောင်းဖြစ်သည့်အပြင် မြစ်မခ သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဟောင်းလည်းဖြစ်ကြောင်း ဧရာဝတီတိုင်းမ်သတင်းဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...