မီဇိုရမ်ပြည်နယ် တက္ကသိုလ်တွင် ပညာသင်ကြားနိုင်မည့် ပညာတော်သင်အစီစဉ် ICA ခေါ်ယူ

မီဇိုရမ်ပြည်နယ် တက္ကသိုလ်တွင် ပညာသင်ကြားနိုင်မည့် ပညာတော်သင်အစီစဉ် ICA ခေါ်ယူ

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ တက္ကသိုလ်တွင် သုတေသန Fellowship သင်တန်းတက်ရောက်နိုင်ရန် မြန်မာစစ်ဘေးဒုက္ခသည် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာတော်သင်အစီစဉ်တရပ်ကို ချင်းရေးရာအဖွဲ့ချုပ် (ICA) က သြဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

လက်ရှိ မြန်မာနိင်ငံအတွင်းဖြစ်ပွားနေသည့် ပဋိပက္ခအခြေအနေအမျိုးမျိုးကြောင့် မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည်အဖြစ် ရွှေ့ပြောင်းနေထိုင်ရပြီး ကျန်ရစ်ခဲ့သော ပညာရေးကွာဟချက်များ ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ချင်းရေးရာအဖွဲ့ချုပ် (ICA) နှင့် မီဇိုရမ်တက္ကသိုလ် (MZU) တို့ ပူးပေါင်းဆောင်ရွက်သည့် အစီစဉ်တရပ်ဖြစ်သည်။

သုတေသန Fellowship သင်တန်းကို လာမည့်အောက်တိုဘာလ ၃ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်သော စစ်ဘေးဒုက္ခသည် ၅ ဦးကို ခေါ်ယူမှာဖြစ်ပြီး ယင်းအတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဖြစ်သည်။

“သုတေသနလုပ်မှာဖြစ်သည့်အတွက် အနည်းဆုံးတော့ ဘွဲ့တစ်ခုခုတော့ရထားရမယ်၊ ဥပမာအားဖြင့် လူမှုရေးသိပ္ပံ၊ ပထဝီ၊ နိုင်ငံရေးသိပ္ပံတို့၊ ဥပ‌ဒေတို့ နောက်ပြီးတော့ လူမှုကြီးကြပ်‌ရေးနင့် ပက်သက်တဲ့ ဘွဲ့ရထားတဲ့လူတွေကို ဦးစားပေးခေါ်မှာပေါ့နော်၊ ပြီးတော့မှ စာတမ်းကကြတော့ အင်္ဂလိပ်လို ရေးရမှာဖြစ်တဲ့အတွက်ကြောင့်  မြန်မာရော အင်္ဂလိပ်ရော ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်တဲ့သူကို ကျွန်ပ်တို့ခေါ်ပါတယ်” ဟု ချင်းရေးရာအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးက ပြောသည်။

Fellowship သင်တန်းသည် ယခုနှစ် အောက်တိုဘာလ မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ၁၂ လ ကြာမြင့်မည်ဖြစ်ပြီး ၁၈ လအထိ သက်တမ်းတိုးနိုင်ခြေရှိကြောင်း သိရသည်။

ရွေးချယ်ခံရသော ပညာတော်သင်များအတွက် နေထိုင်စားသောက်စရိတ်နှင့် တက္ကသိုလ်ရှိ သင်ကြားရေးဆိုင်ရာ အထောက်အကူပစ္စည်းများကို ပေးအပ်မည်ဟု သိရသည်။

ထို့အပြင် နိုင်ငံတကာသုတေသီများ၏ ကွန်ရက်နှင့် ချိတ်ဆက်နိုင်ပြီး နိုင်ငံတကာတက္ကသိုလ်များနှင့် ပညာရေးအဖွဲ့အစည်းများမှ ပညာရှင်များမှ ကြီးကြပ်ကွပ်ကဲခြင်းများလည်း ရရှိနိုင်မည်ဟု ICA က ထုတ်ပြန်သည်။

လျှောက်လွှာများကို ယခုလ သြဂုတ် ၃၁ ရက်နေ့ ညနေ ၅ နာရီတွင် ပိတ်မည်ဖြစ်ပြီး အောက်ပါလင့်တွင် အသေးစိတ်သွားရောက်ကြည့်ရှုနိုင်သည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...