နွားထိုးကြီးမြို့ ဆောက်လုပ်ရေးရုံးတွင် ခြင်းခတ်နေသည့် စစ်ကောင်စီတပ်သားများ လက်နက်ကြီးပစ်ခံရပြီး ၄ဦးသေဆုံး

နွားထိုးကြီးမြို့ ဆောက်လုပ်ရေးရုံးတွင် ခြင်းခတ်နေသည့် စစ်ကောင်စီတပ်သားများ လက်နက်ကြီးပစ်ခံရပြီး ၄ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့ရှိ ဆောက်လုပ်ရေးရုံးတွင် ပိုက်ကျော်ခြင်းခတ်နေသည့် စစ်ကောင်စီ တပ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ တပ်သား လေးဦးသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း နွားထိုးကြီး PDF ထံမှ သိရသည်။

“တပ်မ (၉၉) ကကောင်တွေပါ၊ ပိုက်ကျော်ခြင်းခတ်နေတဲ့ စခ(စစ်ကောင်စီတပ်သား) ၁၂ကောင်ကို လက်နက်ကြီးနဲ့ဝင်ရောက်ပစ်ခတ်ခဲ့တာ စခဗိုလ်တစ်ကောင်အပါအဝင် လေးဦးပွဲချင်းပြီးသေ၊ သုံးပွင့်နဲ့တစ်ကောင်က အခု မိတ္ထီလာမှာ အခြေအနေမကောင်းဘူးတဲ့ အကို။” ဟု NPDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သြဂုတ်လ ၇ရက်နေ့ ညနေ ၅နာရီအချိန်ခန့်တွင် ပိုက်ကျော်ခြင်းခတ်နေသည့် စစ်ကောင်စီတပ်သား ၁၂ဦးကို လက်နက်ကြီးဖြင့် ကိုက် ၅၀ အကွာလောက်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် တစ်ဦးအပါအဝင် လေးဦးနေရာတွင်ပင် သေဆုံးပြီး အခြား ငါးဦးမှာလည်း ဒဏ်ရာရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများသည်  အဆိုပါလက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြို့ပတ်ပတ်လည်တွင် ကင်းအပြည့်ချထားကြောင်း သိရသည်။

 နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီတပ်သားများ၊ များများသေမှ မြန်မြန်ပြီးမည်ဖြစ်သည့်အတွက် မြန်မြန်ပြီးစေချင်လျှင် များများလှူရန် ပြည်သူများကို  နွားထိုးကြီး PDF က တိုက်တွန်းထားသည်။

July 15, 2026
အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်များ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) မရှိဘဲ တက္ကသိုလ်တက်ခွင့်...
July 15, 2026
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ခန့်သည် စစ်ဘေးတိမ်း...
July 14, 2026
အိန္ဒိယနိုင်ငံ၊ အရူနာချာပရာဒေ့ရှ်ပြည်နယ် နန်ပေါင်မြို့နှင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း...
July 14, 2026
မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်တွင် စစ်တပ်က စစ်ကြောင်း သုံးကြောင်းဖြင့် စစ်ကြောင်းထိုးလျက်...