PNO စစ်သင်တန်းပေးခဲ့ပြီးသော်လည်း လုံခြုံရေးအတွက် ချထားမှုမရှိသေး

PNO စစ်သင်တန်းပေးခဲ့ပြီးသော်လည်း လုံခြုံရေးအတွက် ချထားမှုမရှိသေး
PNO မှ စစ်သင်တန်းပေးနေပုံ
PNO မှ စစ်သင်တန်းပေးနေပုံ

သျှမ်းပြည်တောင်ပိုင်း အထူးဒေသ (၆) နယ်မြေတွင် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့များက လုံခြုံရေးအတွက် စစ်သင်တန်းခေါ်ယူပြီး သင်တန်းပေးပြီးခဲ့သော်လည်း ယခုချိန်ထိ လုံခြုံရေးစစ်သင်တန်းသားများ ချထားမှုမရှိသေးကြောင်း စုံစမ်းသိရသည်။

အဆိုပါ PNO တပ်ဖွဲ့များသည် အထူးဒေသ (၆) နယ်မြေတွင် စစ်သင်တန်း စားရိတ်အတွက် တစ်အိမ်လျှင် မြန်မာကျပ်ငွေ (၃၀,၀၀၀) နှင့် ဆန် (၁) ပြည်ကို ကောက်ခံခဲ့ပြီး ယခုအချိန်ထိ လုံခြုံရေး စစ်သင်တန်းသားများ ချထားမှုမရှိသေးကြောင်း ဆီဆိုင်မြို့နယ် အသက် (၃၀) ကျော် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လုံခြုံရေးအတွက်က ဘယ်သူမှလာပြီး တာဝန်မယူသေးဘူး။ အရင်နှစ်တိုင်းလိုလို ရွာထိပ်ရွာအောက်တွေမှာ လုံခြုံရေးအတွက် ကင်းစောင့်ရတာ၊ တကယ်လို့သူတို့က လူတွေနဲ့ လက်နက်အပြည့်နဲ့ ကင်းလာစောင့်ပေးရင် တော့ ကောင်းတာပေါ့ ၊ အခုပိုက်ဆံကောက်သွားတယ် လုံခြုံရေးဆိုတာ ဘာမှမရှိသေးဘူး “ ဟု ၎င်းအမျိုးသားတစ်ဦး ကပြောသည်။

အထူးဒေသ (၆) နယ်မြေတွင် ပြည်သူ့စစ် (PNO) များက လုံခြုံရေးအတွက် စစ်သင်တန်းများကို ခေါ်ယူပြီး စစ်သင်တန်း စားရိတ်များကိုလည်း ပြည်သူ့ထံတွင် ကောက်ခံပြီး ငွေကျပ်သိန်းပေါင်း (၁,၀၀၀) ကျော်ထိ ကောက်ခံရရှိကြောင်း ယမန်နေ့ သြဂုတ်လ (၇) ရက်နေ့ တွင်ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ပြည်သူ့စစ် (PNO) များက ပြည်သူ့ထံတွင် ငွေကျပ်သိန်းပေါင်း (၁,၀၀၀) ကျော် ကောက်ခံရရှိသဖြင့် ထိုကောက်ခံရသော ငွေကျပ်သိန်းပေါင်းများကို မည်သည့်နေရာတွင် အသုံးပြုနေကြောင်း ဒေသခံများကို အကြောင်းကြားစေချင်ကြောင်း ပုံးအင်းဒေသခံ တစ်ဦးက ပြောသည်။

“ အခု သူတို့ ပိုက်ဆံသိန်းပေါင်း ကောက်ခံရတယ်ဆိုတာ ဘယ်နေရာ အသုံးပြုခဲ့လည်း ကျနော်တို့ကို ပြန်ပြီးပြောပြ စေချင်တယ်။ နောက်လာမယ့် နှစ်ဆိုလည်း ကျနော်တို့လည်း မထည့်ချင်တော့ဘူး ။ ပြည်သူတွေက အခက်ခဲအများကြီးရှိနေတယ်။ အခုစပါး ရေမြုပ်တာ သူတို့က ဘာမှ လာမလုပ်ပေးဘူး ၊ ဖြစ်နိုင်ရင်လည်း ကျနော်တို့ ဒုက္ခရောက်နေတာကို မြင်စေချင်တယ် “ ဟု ပုံးအင်းဒေသခံ တစ်ဦးက ပြောသည်။

PNO ပြည်သူ့စစ် များက စစ်သင်တန်း အတင်းအဓမ္မခေါ်ယူခဲ့ခြင်းကြောင့် လူငယ်များက ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထို့ကြောင့် လယ်ယာစပါးများရိတ်သိမ်း ပေးမည့်လူငယ်များ မရှိသဖြင့် ယခုကာလ မိုးများသည့် ပုံးအင်းဒေသတွင် စပါးများ ရေလွှမ်းခြင်းကို ခံနေရကြောင်း သိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...