သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ရွေးကောက်ပွဲအမှု ထောင်ဒဏ် ၂ နှစ် ထပ်မံချ

သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ရွေးကောက်ပွဲအမှု ထောင်ဒဏ် ၂ နှစ် ထပ်မံချ

သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ -၁၃၀(က) ဖြင့် ထောင်ဒဏ် ၂ နှစ် ထပ်မံချလိုက်ကြောင်း စုံစမ်းသိရသည်။

သြဂုတ် ၃ရက်တွင် တောင်လေးလုံး အကျဥ်းထောင် တရားရုံးမှ သျှမ်းပြည်ဝန်ကြီးချုပ် ကို ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ- ၁၃၀ (က)ဖြင့် တရားစွဲဆိုလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒေါက်တာလင်းထွဋ်ကို ဥပဒေပုဒ်မ -၁၃၀(က)နဲ့ နောက်ထပ် ၂နှစ်ချလိုက်တယ်။ အဲ့ဒါနဲ့ဆိုရင်တော့ စုစုပေါင်း ထောင်ဒဏ် ၁၈ နှစ်ချခံထားရတာပါ” ဟု တရားရုံးနှင့် နီးစပ်သူက ဆိုသည်။

ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၁၃၀(က) ကို ဇူလိုင် ၁၄ရက်တွင် အမှုဖွင့်ခံရပြီး ဇူလိုင် ၂၈ ရက်တွင် ထောင်လေးလုံး အကျဥ်းထောင်တွင် စွဲချက်တင်ခံလိုက်ရကြောင်း သိရသည်။

“သူကတော့ လက်ရှိ ထောင်လေးလုံးထောင်မှာပါ။ ကျန်းမာရေးကတော့ ကောင်းပါတယ်” ဟု ၎င်းကထပ်ပြောသည်။

သျှမ်းပြည် ဝန်ကြီးချုပ်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မလေးခုဖြင့် ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံထားခဲ့ရ သူလည်း ဖြစ်သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...