စာသင်ကျောင်း လုံခြုံရေးစစ်သားကို ၇ တန်းကျောင်းသားက ဓားဖြင့်ထိုး

စာသင်ကျောင်း လုံခြုံရေးစစ်သားကို ၇ တန်းကျောင်းသားက ဓားဖြင့်ထိုး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ မှော်ဇာကျေးရွာရှိ စာသင်ကျောင်းလုံခြုံရေးစစ်သားတစ်ဦးကို ခုနစ်တန်းကျောင်းသားမှ ဓားဖြင့်ထိုးသည့်ဖြစ်စဉ် ဩဂုတ် ၃ ရက်၊ နံနက် ၉ နာရီ ဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်းဒေသခံများက ပြောသည်။

မှော်ဇာဈေးအနီးရှိ အ.ထ.ကခွဲ စာသင်ကျောင်းတွင် လုံခြုံရေးယူနေသည့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ က.ပ.စ (၅) မှ အောင်မြင့်မြတ်ဆိုသူ ဓားဖြင့်အထိုးခံရခြင်း ဖြစ်သည်။

“ မှော်ဇာသတင်းက အာ့ဒါက သိရသမျှဘဲအစ်ကို၊ ကလေးက ဓားနဲ့ထိုးပြီးပြေးတာကို လိုက်ပစ်ကြတာ၊ ရှပ်ထိတယ်ပဲ နောက်ဆုံးသိရတာ၊ အထိုးခံရတဲ့ကောင်က လက်မောင်းထိတယ် ” ဟု ဒေသခံတစ်ဦးမှ ပြောသည်။

ကျည်ထိမှန်ခဲ့သည့်ကျောင်းသားကို ပြည်မြို့ရှိ ကုတင် ၅၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဓားဖြင့်ထိုးသည့်ကျောင်းသားကို စစ်ကောင်စီတပ်သားများမှ လိုက်လံပစ်ခတ်ခဲ့ခြင်းကြောင့် အခြားကျောင်းသား၊ ကျောင်းသူများပါ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

“ ကလေးမိဘတွေက သေနတ်သံကြားတော့ ကလေးတွေကို ပြန်လာခေါ်ကြ ပြေးကြလွှားကြနဲ့” ဟု ဒေသခံက ဆက်လက်ပြောသည်။

စာသင်ကျောင်းလုံခြုံရေးစစ်သားတစ်ဦး ဓားဖြင့်ထိုးခံရသည့် ဖြစ်စဉ်အသေးစိတ်နှင့် ကျည်ထိမှန်ခဲ့သည့် ကျောင်းသားလက်ရှိအခြေနေကိုမူ မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဓာတ်ပုံ - ပုံဟောင်းဖြစ်သည်

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...