ရေးမြို့ လဝကရုံး ပစ်ခတ်ခံရပြီး၂ ဦးသေဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရ

ရေးမြို့ လဝကရုံး ပစ်ခတ်ခံရပြီး၂ ဦးသေဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရ
ရေးမြို့နယ် လဝကဌာန ပန်းခင်းစီမံချက်
ရေးမြို့နယ် လဝကဌာန ပန်းခင်းစီမံချက်

မွန်ပြည်နယ် ရေးမြို့ လဝကရုံးအတွင်း သြဂုတ် ၃ ရက် နေ့လည် ၁၂ နာရီခန့်က ရေးဘီလူးအဖွဲ့ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် လဝကရုံးမှ ၂ ဦးပွဲချင်းပြီး သေဆုံးကာ၂ ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အဆိုပါ ပစ်ခတ်မှုကြောင့် ဒု – လဝကမှူး ဦးအောင်ကိုထက်နှင့် ဒု – ဦးစီးမှူး ဦးသိန်းထိုက် သေနတ်ဒဏ်ရာ ၂ ချက်စီဖြင့် သေဆုံးခဲ့ပြီး ဒု – ဦးစီးမှူး ကိုစာလူးက လက်မောင်းနှင့်နောက်ကြော သေနတ်ဒဏ်ရာ၂ ချက်နှင့် ရေးမြို့ မြတ်အားမာန်မိတ္တူဆိုင်မှ ကိုဘော်လုံးမှာ မျက်နှာနှင့် ညာဘက်ညှပ်ရိုး ညာဘက်နို့အုံ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မြို့ခံတစ်ဦးက “လဝကရုံးထဲ ဝင်ပစ်တယ်။  ဒု – လဝကမှူးနဲ့ ဒု – ဦးစီးမှူး သေဆုံးသွားတယ်။ နောက်ဒု – ဦးစီးမှူးတစ်ယောက်နဲ့ အရပ်သားတစ်ယောက် မော်လမြိုင်ဆေးရုံတင်လိုက်ရတယ်” ဟု ပြောသည်။

ရေးမြို့ လဝကရုံးတွင် ရေးဘီလူးအဖွဲ့ဝင်များက လာရောက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များက လမ်းပိတ်ဆို့ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်က ရေးမြို့ လဝကရုံးတွင် ရေးဘီလူးအဖွဲ့ဝင်များက ဗုံးပစ်ပေါက်မှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း၊ ရေးမြို့မရဲစခန်းကိုလည်း သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။

ရေးမြို့နယ် လဝကဌာန ပန်းခင်းစီမံချက်

Most read this week

August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...
July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...