မိုင်းဖုန်းဆရာတော်သွားဖူးမည့်လမ်း စစ်ကောင်စီ နှင့် ပြည်သူ့စစ်တို့ စစ်ဆေးမှုကြမ်းနေ

မိုင်းဖုန်းဆရာတော်သွားဖူးမည့်လမ်း စစ်ကောင်စီ နှင့် ပြည်သူ့စစ်တို့ စစ်ဆေးမှုကြမ်းနေ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းကျက်ဂူ မိုင်းဖုန်းဆရာတော်သွားဖူးမည့်လမ်းကြောတလျောက် စစ်ကောင်စီ နှင့် ပြည်သူ့စစ်တို့ စစ်ဆေးမှုရှိနေကြောင်း စုံစမ်းသိရှိရသည်။

မိုင်းဖုန်းဆရာတော် (၃) နှစ် (၃) လ (၃) ရက် အဓိဌာန်အောင်ပြီး သြဂုတ် ၁ ရက် မနက်ပိုင်း ၁၁နာရီတွင် မိုင်းကျက်ဂူမှ ထွက်လာပြီး၊ ထောင်ချီပြည်သူများက မိုင်းဖုန်းဆရာတော်ကို သွားရာက်ဖူးမြော်ရန် အတွက် မိုင်းကျက်ဂူသို့ သွားကြသည်။

မိုင်းကျက်ဂူ အဝင် ဖြစ်သည့် နားယိုင်းကျေးရွာ၊ နားခေါ်ကျေးရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့တို့က စစ်ဆေးနေကြောင်း သိရသည်။

“သူတို့ မိုင်းကျက်အဝင်ဘက်က ရွာတွေမှာ စစ်ဆေးနေတာ။ နားယိုင်းကျေးရွာတွေဘက်မှာစစ်ဆေးနေတာ။ ဘယ်ကလာလဲ။ ဘယ်သူတွေပါလဲ။ ဘယ်နှစ်ယောက်ပါလဲ။ ဘယ်သွားမလဲမေးပြီးတော့စစ်တာ။ ပြီးတော့ မှတ်ပုံတင်ပြရတယ်။ ကားနံပါတ်တွေ ဖုန်းနံပါတ်တွေကော ပေးထားရတယ်” ဟု မိုင်းပျဉ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းကျက်ဂူသို့သွားရာတွင် မိုင်းကျက် နှင့် မိုင်းပျဉ်းကြားတွင် စစ်ကောင်စီ နှင့် ပြည်သူ့စစ်တို့ ဆေးစစ်နေသည့် နေရာ (၄) နေရာရှိသည်။

“ ကျနော်တို့ သျှမ်းတောင်ကနေ မိုင်းပျဉ်းထိက စစ်ဆေးမှုရှိတယ် အရမ်းမစစ်ဘူး။ မိုင်းပျဉ်းကနေ မိုင်းကျက်ကတော့ တော်တော်လေးစစ်တယ်။ ၄ နေရာတောင်စစ်တာ။ ၂ နေရာကတော့ ပြည်သူ့စစ်အဖွဲ့ကနေစစ်တာ။ တကယ်တမ်းဆို ကျနော်တို့ အလှူလာလုပ်တာပဲလေနော်။ အရမ်းကြီးစစ်ဆေးဖို့ မလိုဘူးထင်တယ်။ မလွတ်လပ်သလိုခံစားရတယ်” ဟု မိုင်းကျက်ကိုလာသည့် သျှမ်းတောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

 ဩဂုတ် ၁ ရက်နေ့တွင် မိုင်းဖုန်းဆရာတော်သည် မိုင်းကျက်ဂူမှ ထွက်လာကြောင်းသိရသည်။ အလားတူ မိုင်းဖုန်းဆရာတော်သည် မိုင်းကျက်ဂူတွင် ၅ ရက် သတင်းသုံးဆောင်မှာဖြစ်ပြီး ထိုနောက်တွင် တစ်ခြားနေရာသို့ ကြွသွားမည်ဖြစ်ကြောင်းသိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...