ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျသော် အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူ (၄)ဦးကို ကွပ်မျက်တဲ့အပေါ် KNDF ပြင်းထန်တဲ့ တုန့်ပြန်မှု ပြုလုပ်မည်

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျသော် အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူ (၄)ဦးကို ကွပ်မျက်တဲ့အပေါ် KNDF ပြင်းထန်တဲ့ တုန့်ပြန်မှု ပြုလုပ်မည်

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျသော် အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူ (၄)ဦးကို စစ်ကောင်စီက ကွပ်မျက်တဲ့အပေါ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) ကနေ ပြင်းထန်တဲ့ တုန့်ပြန်မှု ပြုလုပ်သွားမယ်လို့ ဇူလိုင်လ ၂၅ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီက သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီ ပြစ်ဒဏ်စီရင်ပြီးစီးကြောင်း စစ်ကောင်စီဘက်က ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့သေဒဏ်စီရင်သတ်ဖြတ်မှုဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်များအပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခြင်းဖြစ်တာကြောင့် KNDF မှ ပြင်းထန်စွာ ကန့်ကွက်ရှုပ်ချထားပါတယ်။

စစ်ကောင်စီတပ်ဟာ လူသားမျိုးနွယ်စုအပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေပြီး စစ်မြေပြင်တွေသာမက နေရာမရွေး တရားမဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ KNDF ကဆိုပါတယ်။

KNDF အနေနဲ့ စစ်ကောင်စီတပ်သားတွေ၊ သတင်းပေး ဒလန်တွေကို ဖမ်းဆီးတာတွေရှိပေမယ့် သတ်ဖြတ်ခြင်းပြုလုပ်တာမရှိပဲ ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ယမန်နေ့ မနက်ပိုင်းမှာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ၄ဦးကို ပြစ်ဒဏ်စီရင်လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီသတင်းစာမှာ ထုတ်ပြန်ကြေညာပြီးနောက် ဒီလိုစီရင်မှုကို ပြည်တွင်းက စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတော်တော်များများက ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။

ကိုဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်ကို လက်နက်ပစ္စည်းနဲ့အတူ သိမ်းဆည်းရမိ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အကြမ်းဖက်ဥပဒေပုဒ်မဖြစ်တဲ့ ၄၉(ဃ)၊ ၅၀(ဈ) ၅၀(ည) ပုဒ်မတွေနဲ့ စစ်ခုံရုံးတင်စစ်ဆေးပြီး ဇန်နဝါရီလ ၂၁ရက်နေ့မှာ သေဒဏ်အမိန့်ချမှတ်ခံထားရတာပါ။

Most read this week

December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...