ကျိုက်မရောတွင် ရဲကင်းစခန်းကို အမည်မသိလက်နက်ကိုင်များ လာရောက်ပစ်ခတ်၊ ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရ

ကျိုက်မရောတွင် ရဲကင်းစခန်းကို အမည်မသိလက်နက်ကိုင်များ လာရောက်ပစ်ခတ်၊ ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရ
 ဓါတ်ပုံ - DVB
ဓါတ်ပုံ - DVB

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာရှိ ရဲကင်းစခန်းကို ဇူလိုင် ၂၃ ရက် ည ၁၀ နာရီဝန်းကျင်ခန့်က အမည်မသိ လက်နက်ကိုင်များ လာရောက်ပစ်ခတ်ခဲ့သောကြောင့် ဒေသခံ ၃ ဦး သေနတ်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ရဲကင်းစခန်းအား ဝင်ရောက်ပစ်ခတ်ရာတွင် ရဲကင်းစခန်းကို ထိခိုက်မှုမရှိဘဲ ပြည်သူများ သေနတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ပုန်းရှောင်ခဲ့ကြသော်လည်း အမျိုးသမီးတစ်ဦး နှင့် ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"အစ်မနဲ့ တူမလေး နှစ်ယောက် သေနတ်ဒဏ်ရာရသွားတယ်ပေါ့။ အဲ့ဒါနဲ့ ကျမလည်း အရေးပေါ် လူနာတင်ယာဉ်လှမ်းခေါ်တော့ သူတို့လည်း မလာရဲကြသေးဘူး။ အဲ့ဒါနဲ့ အိမ်မှာရှိတဲ့ ဆေးတွေ လိမ်းပြုပြီးတော့ ဆေးရုံကို ခေါ်လာလိုက်တယ်"ဟု ၎င်းက ပြောသည်။

ဇူလိုင် ၂၄ ရက်မနက်ပိုင်းထိ ရရှိသည့် ဒဏ်ရာများကြောင့် စိုးရိမ်းရအခြေအနေဖြစ်နေခဲ့ကြောင်း

သို့သော်လည်း ညနေပိုင်းတွင် သေနတ်ဒဏ်ရာ ရရှိသူများသည် အသက်အန္တရာယ် မစိုးရိမ်ရ အခြေအနေဖြင့် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်ကလည်း ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတားရှိ ရဲကင်းစခန်းအား အမည်မသိလက်နက်ကိုင်များ သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၁၉ ရက်တွင်လည်း အဆိုပါ ချောင်းနှစ်ခွတံတားထိပ်ရှိ ရဲကင်းစခန်းအား အမည်မသိလက်နက်ပိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...