ကျောင်းသူ/ သား (၁၀၀) ဦးခေါ်ယူ ဖွင့်လှစ်သွားမယ့် ဖယ်ဒရယ်သူနာပြုတက္ကသိုလ်

ကျောင်းသူ/ သား (၁၀၀) ဦးခေါ်ယူ ဖွင့်လှစ်သွားမယ့် ဖယ်ဒရယ်သူနာပြုတက္ကသိုလ်

၂၀၂၂-၂၃ ခုနှစ်မှာ စတင်ဖွင့်လှစ်သွားမယ့် ဖယ်ဒရယ်သူနာပြုတက္ကသိုလ် (Federal Nursing University of Karenni) ဟာဆိုရင် ကျောင်းသူ/သား ၁၀၀ ဦး ကို ခေါ်ယူသွားမှာဖြစ်ပြီး ကရင်နီပြည်တွင်း က စစ်ရှောင်လူငယ်တွေကို ဦးစားပေး ခေါ်ယူသွားမယ်လို့ Karenni Nurses Association (KNA) တာဝန်ရှိသူဆရာမတစ်ဦးက ပြောပါတယ်။

“ ကျမတို့ ဒီကရင်နီပြည်နယ်အတွင်းမှာမှ စစ်ဘေးရှောင်နေတဲ့ ကလေးတွေ ပညာရေးလမ်းကြောင်း ရပ်တန့်သွားတဲ့ ကလေးတွေကို ဦးစားပေးအနေနဲ့ ကျမတို့ခေါ်မှာပါ။ ပြီးလို့ရှိရင် ကရင်နီပြည်နယ်အတွင်းမှာမှ မြို့ပေါ်က လူတွေက ဒုတိယ ဦးစားပေးဖြစ်မှာပေါ့။ ဒါပေမယ့် ကျမတို့ ကန့်သတ်ထားတဲ့ ဝင်ခွင့်စာမေးပွဲ အောင်ဖို့ လိုတယ်ပေါ့နော။ ပညာအရည်အချင်းက မကန့်သတ်ထားဘူးဆိုပေမယ့် ဝင်ခွင့် စာမေးပွဲမှာတော့ စစ်ဆေးသွားမှာပေါ့ “ လို့ (KNA) တာဝန်ရှိသူဆရာမတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်အတွင်းက အသက် ၁၇နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ် (ကျား၊ မ ) တွေ ဝင်ခွင့်လျှောက်နိုင်ပြီး ဇူလိုင်လ ၂၅ရက်နေ့ ကနေ ဩဂုတ်လ ၁၅ ရက်နေ့အတွင်း ဝင်ခွင့် လျောက်ထားရမှာ ဖြစ်ပါတယ်။

Karenni Nurses Association (KNA) ကနေပြီးတော့ ပြင်ပ nurse ၊ NUG ကျန်းမာရေးဝန်ကြီးဌာန (MOH) နဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) တို့နဲ့ ပူးပေါင်း ချိတ်ဆက်တာတွေ ရှိတယ်လို့ သိရပါတယ်။

“ ပြင်ပက nurseတွေနဲ့ ချိတ်ဆက်ပြီးတော့မှ အခု curriculum(သင်ရိုးညွှန်းတမ်း) အသစ်တွေ ရေးဆွဲနေကြတယ်။ ပြည်တွင်းက volunteer လုပ်ပေးမယ့် စာသင်ပေးမယ့် ဆရာ၊ ဆရာမ တော့ လောလောဆယ် ခန့်မှန်းခြေကတော့ ၆ဦးပေါ့နော။ “ လို့ (KNA) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တက္ကသိုလ် ၄နှစ် တက်ရောက်ရမှာ ဖြစ်ပြီး နိုင်ငံတကာအသိအမှတ်ပြု သူနာပြုဘွဲ့ကို ရရှိမှာဖြစ်ပါတယ်။ ကျောင်းပြီးရင်တော့ ကရင်နီပြည်တွင်းက ကျန်းမာရေး ပြုစုစောင့်ရှောက်မှု လိုအပ်တဲ့ နေရာတွေမှာ အနည်းဆုံး ၂နှစ် ပြန်လည် တာဝန်ထမ်းဆောင် ရမှာဖြစ်ပါတယ်။

လက်ရှိမှာဆိုရင် တိုက်ပွဲ ဖြစ်ပွားနေတဲ့ ကာလဖြစ်တဲ့အတွက် အခက်ခဲ စိန်ခေါ်မှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ စစ်ဒဏ်ကြောင့် စစ်ရှောင်နေရတဲ့သူတွေ ပညာရေးလမ်းကြောင်း ရပ်တန့်နေတဲ့လူငယ်တွေ ပညာသင်ကြားခွင့်ရရှိအောင်၊ လူထုရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပိုပြီး မြှင့်တက်လာဖို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်း ဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

Karenni Nurses Association (KNA) ကရင်နီပြည်တွင်းက CDMသူနာပြုတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျန်းမာရေးအဖွဲ့ ဖြစ်ပါတယ်။

August 10, 2026
ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ၁၉၄၈ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ စစ်အာဏာရှင်စနစ်ကို တော်လှန်...
August 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒေလကြိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် အရေပြား...
August 8, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုများနှင့်...
August 7, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ နေရာတစ်ခုကို စစ်အုပ်စုတပ်က လေယာဉ်ဖြင့် ဗုံးကြဲ...