ပခုက္ကူမှထွက်လာသော စစ်ယာဉ်တန်း မင်းတပ်မြို့သို့တက်လာ စစ်ရေးအခြေအနေ တင်းမာလာဖွယ်ရှိ

ပခုက္ကူမှထွက်လာသော စစ်ယာဉ်တန်း မင်းတပ်မြို့သို့တက်လာ စစ်ရေးအခြေအနေ တင်းမာလာဖွယ်ရှိ

ပခုက္ကူဘက်မှ ထွက်ခွါလာသော စစ်ကောင်စီယာဉ်တန်းသည် ယနေ့နံနက်ပိုင်းက ကျောက်ထုမြို့မှ ချင်းပြည်နယ်မင်းတပ်မြို့သို့ ဦးတည်တက်လာနေပြီး စစ်ရေးအခြေအနေ တင်းမာလာဖွယ်ရှိသည်ဟု သိရသည်။

ဇူလိုင်လ ၁၇ ရက်နေ့က မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှ ချင်းပြည်နယ် မင်းတပ်-မတူပီဘက်သို့ ဦးတည်ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းများသည် ယနေ့မနက်ပိုင်းတွင် ကျောက်ထုမှ စတင်ထွက်ခွာလာပြီး ယနေ့ မင်းတပ်မြို့သို့ ဝင်ရောက်မည်ဟု ခန့်မှန်းရသည်။

CDF-Mindat ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ကျောက်ထုကနေ မင်းတပ်ကို စတက်နေပြီ စစ်ကား ၆၅ စီးလို့ သိရတယ် မင်းတပ်မြို့ထဲကိုဝင်သွားရင်တော့ ပိုပြီးတော့ တိကျတဲ့သတင်းသိရမှာပါ။ အခုတော့ မင်းတပ်နဲ့ အနီးဆုံးနေရာကို ရှေ့ပွိုင့်ကားတွေရောက်ပြီ။ တကယ်သူတို့ယာဉ်တန်းက မင်းတပ်-မတူပီသွားရင်တော့ ဒီလမ်းက ကျွန်တော်တို့ ထိန်းချုပ်ထားတာဖြစ်တဲ့အတွက် ဒီလမ်းမှာတော့ ကျွန်တော်တို့က စနစ်တကျပြင်ဆင်ထားပါတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယခုကြိမ် မင်းတပ်ဘက်သို့ စစ်ကြောင်းထိုးလာချိန်တွင် ယခင်ထက် စနစ်တကျ ကြိုတင်ပြင်ဆင်ထားပုံရပြီး ယနေ့မနက် မင်းတပ်ဘက်သို့ ထွက်ခွါလာသည့်အချိန်တွင် လမ်းတစ်လျှောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိသည်ဟု သိရသည်။

ကျောက်ထုမှ မင်းတပ်မြို့သည် ၁၈ မိုင်ခန့်ကွာဝေးပြီး စစ်ကောင်စီတပ်ဖွဲ့သည် မင်းတပ်မြို့နယ် ကျေးရွာများတွင် ဒရုန်းများဖြင့် ထောက်လှမ်းနေပြီး တိုက်လေယာဉ်များလည်း ပျံသန်းနေသောကြောင့် အနီးအနားဝန်းကျင်တွင်ရှိသော မိဘပြည်သူများ အထူးဂရုစိုက်ကြရန် CDF-Mindat မှ တိုက်တွန်းနှိုးဆော်ထားသည်။

ယခုလက်ရှိမှာလည်း မင်းတပ်-မတူပီ ကားလမ်းမကြီးကိုလည်း အများပြည်သူများ သွားခြင်းမပြုရန် CDF-Mindat မှ ဇူလိုင်လ ၁၈ ရက်နေ့ညနေပိုင်းကစ၍ ခေတ္တပိတ်ပင်ထားသည်ဟု သိရသည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...