မိုင်းဖုန်းဆရာတော် အဆောင်များကို လှည့်လည်ရောင်းချ

မိုင်းဖုန်းဆရာတော် အဆောင်များကို လှည့်လည်ရောင်းချ
မိုင်းဖုန်းဆရာတော် အဆောင်များကို လိုက်လံရောင်းချ
မိုင်းဖုန်းဆရာတော် အဆောင်များကို လိုက်လံရောင်းချ

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့ တွင် မိုင်းဖုန်းဆရာတော်၏ အဆောင်နှင့် ဓာတ်ပုံများကို လှည့်လည်ရောင်းနေကြောင်း စုံစမ်းသိရသည်။

မိုင်းဖုန်းဆရာတော်သည် လာမည့် ဇူလိုင် ၃၁ ရက်တွင် ဂူထွက်လာမည်ဖြစ်ပြီး ထို့ကြောင့် မိုင်းဖုန်းဆရာတော် နှင့် ပတ်သက်သည့် အဆောင်များနှင့် ဆရာတော်ပုံများကို လိုက်လံရောင်းနေကြောင်း လင်းခေးမြို့ခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုရောင်းချနေသည့် ပစ္စည်းများသည် မိုင်းဖုန်းဆရာတော်၏ အဆောင်များ ငွေစက္ကူ ၊ အင်းကွက် နှင့် ကာရံကထာများစသည့် အဆောင် (၆) ခုကို (၂,၆၀၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်း များသောအားဖြင့် သက်ကြီးရွယ်အိုးများထံတွင် အတင်းအဓ္ဓမ ရောင်းချနေကြောင်း လင်းခင်းမြို့မှ အမျိုးသမီး တစ်ဦးက ပြောပြသည်။

“တအိမ်တက် တအိမ်ဆင်းရောင်းနေတာတော့ အမျိုးသမီး (၂) ယောက်ပါ။ မိုင်းဖုန်းဆရာတော် အဆောင်တွေကို ဆောင်ထားရင် ငွေဝင်မယ် ၊ လာဘ်ဝင်မယ် ကျန်းမာချမ်းသာမယ်လို့ သူ့အကျိုးကို ဟောပြတယ်။ အများဆုံးတော့ သက်ကြီးရွယ်အိုဆီထံ သွားရောင်းပေးတာ ၊ အိမ်မှာ သက်ကြီးတွေနဲ့ ကလေးတွေပဲရှိရင် မခေါ်မအော်အိမ်ထဲထိ ဝင်လာတယ်၊ အဲ့ (၆)ခုကို (၂,၆၀၀၀) ကျပ်ပေးရတယ် လိုချင်တာရွေးပြီး ဝယ်လို့မရဘူး တစ်စုံလုံးဝယ်ရတယ် “ ဟု ၎င်း ဒေသခံ တစ်ဦးကပြောသည်။

ထိုသို့ မိုင်းဖုန်းဆရာတော် အဆောင်များကို လှည့်လည်ရောင်းချနေခြင်းသည် သာသနာဘောင်ကို ကျုးလွန်နေခြင်းဖြစ်ပြီး မိုင်းဖုန်းဆရာတော် နာမည်ကိုသုံးပြီး စီးပွားရေးလုပ်စားနေကြောင်း လင်းခေးမြို့ လူငယ်တစ်ဦးက သုံးသပ်ထားသည်။

“ဆရာတော်ထွက်တော့မယ်ဆိုတော့ ဆရာတော်ကို အသုံးပြုပြီး စီးပွားရေးလုပ်တယ်။ ဆရာတော် အဆောင်ဆိုပြီး လိမ်ရောင်းတယ်။ မိုင်းဖုန်းဆရာတော် အဆောင်တွေ၊ ပုံတွေဆိုရင်လူတွေက ကြည်ညိုပြီး ဝယ်ကြတယ်။ ဒါကို အခွင့်ကောင်းယူပြီး စျေးကြီးကြီးနဲ့ အတင်းရောင်းနေတာလည်းရှိတယ်” ဟု ၎င်းလူငယ်က ထပ်လောင်းပြောသည်။

မိုင်းဖုန်း ဆရာတော်အား ပင့်ဆောင်မည့် ဝေါယာဥ်ကို  ဇူလိုင် (၁၈) ရက် မနက် (၆ နာရီ ၄၅) မိနစ်တွင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် မဟာမြတ်မုနိဘုရားကြီး ကျောင်းတိုက်မှ မော်တော်ယာဥ် နှင့် တရားကျင့်ကြံ အားထုတ်လျှက်ရှိသည့် မိုင်းကျက်ဂူ သို့ ပင့်ဆောင်သွားကြောင်းသိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...