မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၄၀၀ ကျော်ထိ ရှိလာ

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၄၀၀ ကျော်ထိ ရှိလာ

မွန်ပြည်နယ်အတွင်း ဇူလိုင် ၉ ရက်အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၄၀၀ကျော် ရှိလာပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့အထိ စာရင်းများအရ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၄၁၉ ဦးထိ ရှိလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရောဂါများအား ကာကွယ်နှိမ်နှင်းရေးအဖွဲ့ တာဝန်ခံဆရာဝန် ဒေါက်တာမင်းသူက ပြောသည်။

“၇ လပိုင်း ၉ ရက်နေ့အထိ လုပ်ထားတဲ့ စာရင်းဇယားတွေအရတော့ ဖြစ်ပွားသူက ၁၄၁၉ ယောက်။ ၁၄၁၉ ယောက် ရှိသွားပြီပေါ့နော်” ဟု ၎င်းက ပြောသည်။

ဖြစ်ပွားမှုအများဆုံးက မော်လမြိုင်မြို့နယ်ဖြစ်ပြီး ဒုတိယအများဆုံးမှာ ချောင်းဆုံမြို့နယ် နှင့် တတိယ အများဆုံးမှာ သံဖြူဇရပ်မြို့နယ် ဖြစ်ကြောင်း ဆက်ပြောသည်။

လက်ရှိအချိန်ထိ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ် ၃ ဦး ရှိပြီး ကျိုက်ထိုနှင့် ရေးမြို့နယ်မှ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဖြစ်ပွားမှု အများဆုံးမှာ အသက် ၅ နှစ် မှ ၉ နှစ်အရွယ် ကလေးများ ဖြစ်ပြီး သေဆုံးခဲ့သည့် ကလေးငယ် ၃ ဦးမှာလည်း အသက် ၅ နှစ် မှ ၉ နှစ်အရွယ်အတွင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၈ရက်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၆၀၀ကျော်ထိ ရှိပြီး ဇူလိုင် ၉ရက်တွင် ၁၄၀၀ ကျော်ထိ မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်သောကြောင့် စာသင်ကျောင်း အနီးဝန်းကျင်၊ ကျောင်းဝင်းအတွင်းနှင့် စာသင်ခန်းများအတွင်း ခြင်ဆေးဖြန်းခြင်းများ ကူညီဆောင်ရွက် ပေးနေကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“မိုးစိတ်လာပြီဆို သွေးလွန်တုပ်ကွေးဖြစ်တာက ပိုများလာပြီလေ။ အဓိကက ကလေးတွေ အများကြီးရှိတဲ့ နေရာက ကျောင်းပဲ။ အဲဒါကြောင့် စာသင်ကျောင်း‌ပတ်ဝန်းကျင်နဲ့ ကျောင်းအတွင်းကို ခြင်ဆေးတွေ ဖြန်းတာတွေ ဆောင်ရွက်ပေးတယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် မိဘများအနေဖြင့်လည်း ကလေးငယ်များကို ပိုမိုဂရုစိုက်ကြရန်နှင့် ဖျားနာလာပါက နီးစပ်ရာ ဆေးခန်း၊ ဆေးရုံသို့ ပို့ဆောင် ပြသကြရန် တိုက်တွန်းပြောကြားခဲ့သည်။

တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...