ဖလမ်း-ဟားခါးကြား တားလ်ကျေးရွာရှိ လူနေအိမ် အားလုံးနီးပါး စစ်ကောင်စီတပ်က မီးရှို့

ဖလမ်း-ဟားခါးကြား တားလ်ကျေးရွာရှိ လူနေအိမ် အားလုံးနီးပါး စစ်ကောင်စီတပ်က မီးရှို့

ချင်းပြည်နယ်၊ ဖလမ်း- ဟားခါးလမ်းပေါ်တွင်ရှိသော တားလ်ကျေးရွာက လူနေအိမ်အားလုံးနီးပါးကို စစ်ကောင်စီ တပ်ဖွဲ့မှ ဇူလိုင် ၉ ရက် မနက် ၁၁ နာရီအချိန်ကစတင်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်ဟု တားလ် ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

"သူတို့က မနေ့ညက ကျွန်တော်တို့ရွာနားမှာ ဒီမနက် ၈ နာရီလောက်မှာ အခုက တရွာလုံး နီးပါးရှို့ထားတာ။ အခု  ၇ အိမ်လောက်ပဲ မီးမရှို့တာ။ ကျွန်တော်တို့လည်း တောထဲမှာပုန်းတာဆိုတော့ ဒီမနက် ဟိုဖက်ရွာကနေ ကျွန်တော်တို့ ရွာမီးရှို့တာတွေ့တာ" ဟု တားလ်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

တားလ်ကျေးရွာသည် ဖလမ်းမြို့နှင့် ၁၄ မိုင်ခန့်ကွာဝေးကာ ၎င်းကျေးရွာတွင် ဝန်းထမ်အိမ်အပါအဝင် အိမ်ခြေ ၄၁ အိမ်ခန့်ရှိသည်ဟု သိရပြီး ကျေးရွာနေပြည်သူများသည် တောထဲတောင်ထဲတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

၎င်းအပြင် စစ်ကောင်စီတပ်ဖွဲ့သည် ဖလမ်းမြို့နယ်၊ လုံရန်ကျေးရွာလူနေများအား ဖောက်ထွင်းကာ ပစ္စည်းများ ခိုးယူဖျက်စီးမှုများရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၉ ရက်နေ့က ကလေးမြို့ဖက်မှ ဟားခါးမြို့ဘက်သို့ စစ်ကား ၂၇ စီးဖြင့် ဦးတည်ထွက်လာပြီး ယခုလက်ရှိတွင် ဖလမ်း-ဟားခါးကြားတွင် ရောက်ရှိနေကြသည်။

 ဇူလိုင်လ ၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် CNA နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် ထလန်ရောန်ကျေးရွာအနီးတွင် ၃ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ အကျအဆုံးရှိသည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင်လည်း တားလ်ကျေးရွာမှ လူနေအိမ် ၁၁ အိမ်ကို စစ်ကောင်စီတပ်ဖွဲ့မှ မီးရှို့ခဲ့ပြီးဖြစ်သည်။

April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...