ရဲတပ်ကြပ်ကြီးနှစ်ဦး ဘောလခဲ PDF ထံ ကျည်ဆံနဲ့အတူ CDM ပြုလုပ်

ရဲတပ်ကြပ်ကြီးနှစ်ဦး ဘောလခဲ PDF ထံ ကျည်ဆံနဲ့အတူ CDM ပြုလုပ်

ကရင်နီပြည် ဘောလခဲမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ မှုခင်းနှိပ်နှင်းရေး ရဲတပ်ကြီးတစ်ဦးနဲ့ နယ်ထိန်းတပ်ကြပ်ကြီးတစ်ဦး ဘောလခဲ PDF ထံ ဇူလိုင်လ ၃ရက်နေ့မှာ ကျည်ဆံနဲ့အတူ CDM ပြုလုပ်လာတယ်လို့ ဘောလခဲ PDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“သူတို့က နယ်မြေခံ ဒေသခံရင်းလည်း ဖြစ်တယ်ပေါ့နော။ သူတို့ အရင်ကတည်းကလည်း ကျနော်တို့နဲ့ အချိတ်အဆက်ရှိတယ်ပေါ့နော။ အရင်ကတည်းက သူတို့ ထွက်ချင်တယ်။ ဒါပေမယ့် သူတို့ မိသားစု အခက်အခဲကြောင့်ပေါ့။ အချိန်ကာလ နည်းနည်းကြာသွားတယ်ပေါ့။ အခုမှပဲ ကျနော်တို့နဲ့ မထွက်မဖြစ်တဲ့အနေအထားရောက်တော့ သူတို့လည်း အထဲမှာ စောင့်ကြည့်ခံရတဲ့ အနေအထားမျိုးဖြစ်တော့ သူတို့ ကျနော်တို့နဲ့ ဆက်သွယ်ပြီး ထွက်လာတယ်ပေါ့။” လို့ ၎င်းကပြောပါတယ်။

ကျည်ဆံ ၃၂၁တောင့်၊ လက်ပစ်ဗုံး ၅လုံးနဲ့ စကားပြောစက် နှစ်ခုတို့ကိုပါ CDM ပြုလုပ်ရင်း ယူဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

တပ်ကြပ်ကြီးနှစ်ဦးကို CDM ပြုလုပ်လာတဲ့ ရည်ရွယ်ချက်အတိုင်း ဆက်လက် ကူညီဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဘောလခဲ PDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ဆက် ပြောပါတယ်။

” သူတို့ရဲ့ ဆန္ဒသဘောထားပေါ့။ သူတို့ ဘာလုပ်ချင်လဲ။ သူတို့ ဘာဖြစ်ချင်လဲ။ သူတို့ ထွက်လာတဲ့ အကြောင်းအရင်းက ဘာလဲ။ အဓိက ကျနော်တို့နဲ့ လက်တွဲပြီးတော့ ပူးပေါင်းဆောင်ရွက်ချင်တယ်ပေါ့။ ကျနော်တို့ PDF ထဲ ဝင်ပြီးတော့ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ပြန်လှုပ်ရှားမယ်ပေါ့။ သူတို့ရည်ရွယ်ချက်ကတော့။” လို့ ၎င်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ရက်နေ့မှာလည်း ဘောလခဲစစ်ဆေးရုံက သူနာပြုဗိုလ်ကြီးတစ်ဦး ဘောလခဲ PDF ထံ CDM ပြုလုပ်လာခဲ့ပါတယ်။

ဘောလခဲမြို့နယ်ဟာ စစ်ကောင်စီတပ် အင်အားများနေသေးတဲ့ မြို့ဖြစ်တဲ့အတွက်် CDM ထပ်မံပြုလုပ်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

Most read this week

December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...