အိန္ဒိယနိုင်ငံသား ၂ ဦး၏ ရုပ်အလောင်းပြန်ပေးရန် မိုးရေးမြို့တွင် ဆန္ဒပြ၊ မြန်မာရဲကင်းကို မီးရှို့

အိန္ဒိယနိုင်ငံသား ၂ ဦး၏ ရုပ်အလောင်းပြန်ပေးရန် မိုးရေးမြို့တွင် ဆန္ဒပြ၊ မြန်မာရဲကင်းကို မီးရှို့

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်တိုင်း တမူးမြို့တွင် ဇူလိုင် ၅ ရက်နေ့က စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့မှ ပစ်သတ်ခဲ့သော အိန္ဒိယနိုင်ငံသား ၂ ဦး၏ ရုပ်အလောင်း ပြန်လည်ရရှိရေးအတွက် မဏိပူရ်ပြည်နယ် နယ်စပ် မိုးရေးမြို့တွင် ဒေသခံပြည်သူလူထုက ယမန်နေ့ မွန်းလွဲပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

တမူးမြို့နှင့် ထိစပ်နေသော အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် နယ်စပ်မြို့ မိုးရေးပြည်သူထုသည် မိုးရေးမြို့ရဲစခန်းရှေ့တွင် ယနေ့မွန်းလွဲပိုင်း ၂ နာရီခန့်က သွားရောက်တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အလောင်းပြန်မရသည့်အတွက် အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ မြန်မာဘက်က ရဲကင်းတစ်ခုကို မီးရှို့ခဲ့ကြသည်ဟု သိရသည်။

ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်ခန့်တွင် တမူးမြို့ စော်ဘွားရပ်ကွက်ရှိ အမှတ် ၄ အထက်တန်းကျောင်းအနီးတွင် သူငယ်ချင်းအိမ်သို့ အလည်သွားပြီး ပြန်လာကြသည့် အသက် ၂၈ နှင့် ၃၅ နှစ်အရွယ်ခန့်ရှိသော အိန္ဒိယနိုင်ငံသား ၂ ဦးကို ပျူစောထီးများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...