နယ်စပ်အငြင်းပွားမှု ပြဿနာကြောင့် နမ့်ခမ်းမြို့နယ်ရှိ နောင်ခမ်းကျေးရွာ တစ်နှစ်နီးပါး မီးဖြတ်တောက်ခံရ

နယ်စပ်အငြင်းပွားမှု ပြဿနာကြောင့် နမ့်ခမ်းမြို့နယ်ရှိ နောင်ခမ်းကျေးရွာ တစ်နှစ်နီးပါး မီးဖြတ်တောက်ခံရ
လျှပ်စစ်မီး ဖြတ်တောက်ခံရတဲ့ နောင်ခမ်းကျေးရွ
လျှပ်စစ်မီး ဖြတ်တောက်ခံရတဲ့ နောင်ခမ်းကျေးရွ

မြန်မာ – တရုတ် နယ်စပ်အငြင်းပွားမှု ပြဿနာများကြောင့် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှ နောင်ခမ်းကျေးရွာ အတွင်း ရှိ လျှပ်စစ်မီးများကို တရုတ်ဘက်မှ တစ်နှစ်နီးပါး ဖြတ်တောက်ခဲ့ကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ခမ်းဒေသမှ ဒေသခံ ပြည်သူများသည် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ဖြစ်ပွားခဲ့သော နယ်နမိတ်သတ်မှတ်ရေး အငြင်းပွားမှု ပြဿနာကြောင့် တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုကို ခံရကြောင်း  ဇူလိုင် ၅ ရက် ရက်စွဲဖြင့် ရှမ်းလူ့အခွင့်ရေးမဏ္ဏိုင် ထုတ်ပြန်ချက်မှ သိရသည်။

၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၀ ရက်တွင် တရုတ်အလုပ်သမားများသည် နောင်ခမ်းဒေသခံ ပြည်သူများပိုင် လယ်ယာမြေများအတွင်းသို့ ဝင်ရောက်ကာ နှစ်ထပ်စည်းရိုးများကို နောင်ခမ်းရွာနှင့် နီးသော နယ်စပ်တလျောက်ရှိ လယ်ကွင်းများကို ဖြတ်သန်းတည်ဆောက်ထားသဖြင့် နောင်ခမ်းဒေသခံနှင့် တရုတ်အလုပ်သမားများ အငြင်းပွားမှုကိစ္စများ ဖြစ်ခဲ့ကြသည်။

ထိုအငြင်းပွားမှု ကိစ္စများကြောင့် ဇူလိုင်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီတွင် နောင်ခမ်းမှအသုံးပြုလျက်ရှိသော တရုတ်လျှပ်စစ်ဓာတ်အားသည် နောင်ဆွမ်းကျေးရွာမှ ရုတ်တရက်ပြတ်တောက်ပြီး နောင်ခမ်းဒေသခံမျာလည်း ဒီဇယ်မီးစက်များနှင့် ဆိုလာချပ်များကို ၎င်းတို့လျှပ်စစ်ဓာတ်အားအတွက် ဝယ်ယူခဲ့ကြကြောင်း ၊ ငွေကြေးချို့တဲ့သော မိသားစုများမှာ ဖယောင်တိုင်မီးကိုသာ အားကိုးခဲ့ရကြောင်း သိရှိရသည်။

၎င်းတို့၏ လယ်ယာမြေများကို ကျူးကျော်ကာ တရုတ်ဘက်မှ နယ်နမိတ်ချဲ့ထွင်ရန် ဆန့်ကျင်မှုကြောင့် ယခုကဲ့သို့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခံရခြင်းဖြစ်သည်ဟု ဒေသခံပြည်သူများက ယူဆကြသည်။



လျှပ်စစ်မီး ဖြတ်တောက်ခံရတဲ့ နောင်ခမ်းကျေးရွ

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...