မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေး နှင့် ဒေါ်လာဂယက် ကုန်သည်များ ခက်ခဲနေ

မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေး နှင့် ဒေါ်လာဂယက် ကုန်သည်များ ခက်ခဲနေ

မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်ရေးကို တရုတ်ယွမ်ငွေ အစား အမေရိကန် ဒေါ်လာ အဖြစ် ပြောင်းသုံးရမည် ဆိုသည့် သတင်းကြောင့် ကုန်သည်များ ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

မူဆယ် – နမ့်ခမ်းနယ်စပ် ကုန်သွယ်ရေး မှ ပို့ကုန် လုပ်ငန်းရှင်များအနေဖြင့် လက်ရှိအသုံးပြုနေသည့် တရုတ်ယွမ်ငွေအစား အမေရိကန်ဒေါ်လာ အသုံးပြုရန် မြန်မာ့ကုန်သွယ်ရေး ဦးစီးဌာန က ဇူလိုင် (၅) ရက်တွင် ထပ်မံ အသိပေး ထုတ်ပြန်လိုက်သည်။

အဆိုပါ ယွမ်အစား ဒေါ်လာကို ပြောင်းသုံးရန်အတွက် စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ကုန်သွယ်ရေး ဦးစီးဌာနက ဇွန် (၂၀) ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဇူလိုင် (၁) ရက်နေ့တွင် အတည်ပြု အသုံးပြုနေရကြောင်း သိရသည်။

ထိုသတင်းထွက်ပေါ်လာပြီးနောက် မူဆယ်မြို့မှ ကုန်သည်များက တရုတ်နိုင်ငံသို့ တင်သွင်းရန် ခေတ္တ ရပ်ဆိုင်းခဲ့ရာ ဆန် နှင့် ဆန်ကွဲ တင်သွင်းမှုကို တရုတ်ယွမ်ငွေ ဖြင့် ပုံမှန် အလုပ်လုပ်သွားနိုင်ကြောင်း မြန်မာ့ ကုန်သွယ်ရေးဦးစီးဌာနက ပြန်လည်ဖြေလျော့ပေးခဲ့သည်။

“ သူတို့ ပြီးခဲ့တဲ့လ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့တယ်။ ဇူလိုင် ၁ ရက်နေ့ကစပြီး သူတို့အတည်ပြု သုံးခိုင်းလိုက်တာ။ ဒါမယ့် သူတို့က ဆန်နဲ့ ဆန်ကွဲကိုတော့ တရုတ်ငွေနဲ့ပြန်သုံးခိုင်းတာ။ ဆီထွက် သီးနှံ နဲ့ ပဲ အမျိုးမျိုးတွေကိုတော့ သူတို့ ဒေါ်လာငွေနဲ့သုံးခိုင်းပြီး ကုန်တင်ပို့ခိုင်းတာ” ဟု မူဆယ်မြို့ ကုန်သည်တစ်ဦးက ပြောသည်။

ထိုသို့ ကုန်သည်များက ဒေါ်လာငွေကို ပြောင်းလဲ အသုံးပြုရသောကြောင့် ကုန်တင်ပို့ရန်အတွက် ကုန်သည်များ က အခက်ခဲများရှိနေပြီး ကုန်သည်များ အရင်းပါ အရှုံးပေါ်နိုင်သည့် အလားအလာရှိကြောင်း ကုန်သည် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဒေါ်လာကို ပြောင်းသုံးလိုက်ရတော့ နှစ်ခါနာတယ်။ တရုတ်ငွေကနေ မြန်မာကို တခါလဲမယ်။ မြန်မာကနေ ထပ်လဲရတယ်။ ။ လဲတဲ့အခါမှာလည်း ငွေဈေးက ကျနေတော့ ကျနော်တို့အတွက် ရှုံးတယ်လေ။ မမြတ်ဘူး။ အရင်ထဲကတောင်ပြန်စိုက်ထုတ်နေရတယ်” ဟု မူဆယ်စီးပွားရေးကုန်သည် အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိမှာ မြန်မာနိုင်ငံဗဟိုဘဏ်က တစ်ဒေါ်လာလျှင် မြန်မာငွေ (၁၈၅၀) ကျပ် လဲပေးကာ အပြင်ပေါက်စျေးတွင် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ( ၂,၂၀၀) ပေါက်ကြောင်း သိရသည်။

ထိုအပြင် ပို့ကုန်တင်ကုန်မှ ရရှိလာသည့် နိုင်ငံခြားငွေများကို (၄၅) ရက်အတွင်း ဘဏ်အတွင်းသို့ မြန်မာကျပ်ငွေကို ပြန်လဲရမည်ဟု စစ်ကောင်စီ က ညွှန်ကြားထားသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...