ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က မသန်စွမ်း ၂ ဦးကို သတ်ဖြတ်

ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က မသန်စွမ်း ၂ ဦးကို သတ်ဖြတ်

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က မသန်စွမ်း ၂ ဦးကို သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

ကလေးမြို့မှ ဖလမ်းမြို့ဘက်သို့တက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ကလေး-ဖလမ်းကားလမ်းပေါ်ရှိ ဗားလုံကျေးရွာတွင် နေထိုင်သူ အသက် ၆၃ နှစ်အရွယ် မသန်စွမ်းအမေအို (ဆွံ့အနားမကြားသူ) ဒေါ်တီာလ်ကပ်ကို ဇွန်လ ၃၀ ရက်နေ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ဇူလိုင်လ ၃ ရက်နေ့ကျမှ ရွာသားများက အလောင်းတွေ့ရှိခဲ့ကြသည်ဟု သိရသည်။

စစ်ကားအစီး ၂၀ ကျော်ဖြင့်တက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၃၀ ရက်နေ့က ဗားလုံကျေးရွာတွင် စခန်းချညအိပ်ကာ ဖလမ်းဘက်ကို ဆက်လက်ထွက်ခွါကြပြီးနောက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသော ဒေါ်တီာလ်ကပ်၏ ရုပ်အလောင်းကို တောထဲတနေရာတွင် ရွာသားများက တွေ့ရှိခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ထို့အပြင် ဇူလိုင်လ ၂ ရက်နေ့ကလည်း ဖလမ်းမြို့နယ် လှာန်ဇောလ်ကျေးရွာက ခန္ဓာကိုယ်အောက်ပိုင်းသေနေသော အမျိုးသားတစ်ဦး Vum Lian Thang ကို စစ်ကောင်စီတပ်ဖွဲ့က လက်ပြန်ကြိုးတုတ်၊ တရွက်တိုက်ဆွဲခေါ်ပြီး သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည့် မဏိပူရမြစ်နဘေး ဗာရ်ကျေးရွာတွင်  စခန်းချညအိပ်ကြသည်ဟု သိရသည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...