ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က မသန်စွမ်း ၂ ဦးကို သတ်ဖြတ်

ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က မသန်စွမ်း ၂ ဦးကို သတ်ဖြတ်

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က မသန်စွမ်း ၂ ဦးကို သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

ကလေးမြို့မှ ဖလမ်းမြို့ဘက်သို့တက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ကလေး-ဖလမ်းကားလမ်းပေါ်ရှိ ဗားလုံကျေးရွာတွင် နေထိုင်သူ အသက် ၆၃ နှစ်အရွယ် မသန်စွမ်းအမေအို (ဆွံ့အနားမကြားသူ) ဒေါ်တီာလ်ကပ်ကို ဇွန်လ ၃၀ ရက်နေ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ဇူလိုင်လ ၃ ရက်နေ့ကျမှ ရွာသားများက အလောင်းတွေ့ရှိခဲ့ကြသည်ဟု သိရသည်။

စစ်ကားအစီး ၂၀ ကျော်ဖြင့်တက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၃၀ ရက်နေ့က ဗားလုံကျေးရွာတွင် စခန်းချညအိပ်ကာ ဖလမ်းဘက်ကို ဆက်လက်ထွက်ခွါကြပြီးနောက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသော ဒေါ်တီာလ်ကပ်၏ ရုပ်အလောင်းကို တောထဲတနေရာတွင် ရွာသားများက တွေ့ရှိခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ထို့အပြင် ဇူလိုင်လ ၂ ရက်နေ့ကလည်း ဖလမ်းမြို့နယ် လှာန်ဇောလ်ကျေးရွာက ခန္ဓာကိုယ်အောက်ပိုင်းသေနေသော အမျိုးသားတစ်ဦး Vum Lian Thang ကို စစ်ကောင်စီတပ်ဖွဲ့က လက်ပြန်ကြိုးတုတ်၊ တရွက်တိုက်ဆွဲခေါ်ပြီး သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည့် မဏိပူရမြစ်နဘေး ဗာရ်ကျေးရွာတွင်  စခန်းချညအိပ်ကြသည်ဟု သိရသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...