အစင်ကျေးရွာပြည်သူ့စစ် ၅ ဦး အနီးကပ်ပစ်သတ်လုပ်ကြံခံလိုက်ရပြီး သေနတ် ၃ လက်ပါသွား

အစင်ကျေးရွာပြည်သူ့စစ် ၅ ဦး အနီးကပ်ပစ်သတ်လုပ်ကြံခံလိုက်ရပြီး သေနတ် ၃ လက်ပါသွား

မွန်ပြည်နယ်၊ ရေးမြို့နယ် ၊ အစင်ကျေးရွာထိပ်တံတား၌ ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် ပြည်သူ့စစ် ၅ ဦး ဆိုင်ကယ်စီး သေနတ်သမားများ၏ အနီးကပ်ပစ်သတ်လုပ်ကြံခံလိုက်ရပြီး သေနတ် ၃ လက်လည်း ပါသွားကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

သေနတ်သမားတို့၏လက်ချက်ဖြင့် ပစ်သတ်ခံလိုက်ရသည့် ပြည်သူ့စစ်အဖွဲ့ဝင် ဦးသန်းဌေး၊ ဦးတင်ဦး၊ ဦးကိုကိုလေး၊ ဦးမင်းမင်းနှင့် ဦးမြင့်စိုးတို့၏ ဦးခေါင်းတွင် ကျည်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း အမည်မဖော်လိုသော ရွာသားတစ်ဦးက ဆိုသည်။

“ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ယောက် ဂိတ်အနီးကိုရုတ်တရက်ရောက်ချလာပြီး အနီးကပ်ပစ်သွားတာပဲ၊ ပြည်သူ့စစ်တွေက အဆင်သင့်ဖြစ်နေပုံ မရဘူးလို့ထင်ပါတယ်၊ အပြန်အလှန်ပစ်တာတော့ မကြားမိဘူး၊ သေနတ် ၃ လက်တောင်ပါသွားတာလို့ ပြောနေကြတယ်” ဟု ၄င်းကဆိုသည်။

သို့ရာတွင် သေဆုံးသူပြည်သူ့စစ်တို့၏အမည်နာမများနှင့် အထက်ပါဖြစ်စဥ်ပြောကြားချက်အပေါ် မွန်သတင်းအေဂျင်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

“အစင်ကျေးရွာမှာရှိတဲ့ ပျူစောထီးအုပ်စုကို ကျနော်တို့ရေးဘီလူးအဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ” ဟု ရေးဘီးလူးခေါင်းဆောင်ဟု ယူဆရသူတစ်ဦးက ရေးဘီးလူး Facebook လူမှုစာမျက်တွင် Live လွှင့်ထုတ်၍ အထက်ပါအတိုင်းပြောကြားခဲ့သည်။ 

ထို့အတူ ၄င်းတို့ရရှိလာသည့် ကာဘိုင်သေနတ် ၁ လက်နှင် HK33 အော်တိုမက်တစ်ရိုင်ဖယ်သေနတ် ၂ လက်တို့ကိုလည်း Facebook တွင် ထုတ်ဖော်ပြသခဲ့သည်။

ယင်းကဲ့သို့ ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးနောက် အစင်ကျေးရွာထဲသို့ မြန်မာစစ်တပ်ရောက်ရှိလာပြီး မသကႅာဖွယ်ရာနေရာများကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ ရေးမြို့အဝင်အထွက်နေရာအားလုံး ဆိုင်ကယ်စီးသူများကို ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း၊ ရေးမြို့ထဲတွင် ယနေ့အထိ စစ်ကားများလှည့်လည်နေကြောင်း သိရသည်။

အလားတူ အစင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်သည်လည်း လွန်ခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက ၄င်း၏မော်တော်ကားဖြင့် ရေးမှအပြန် ဆိုင်ကယ်စီးသေနတ်သမားများက နောက်မှလိုက်လံပစ်ခတ်သဖြင့် သေဆုံးခဲ့ရသည်။

ပင်လယ်တံငါလုပ်ငန်း အဓိကလုပ်ကိုင်ကြပြီး ရပ်ဝေးမှ ရွှေ့ပြောင်းလာရောက်နေထိုင်သူ ဗမာလူမျိုးအများစုနေထိုင်သည့် အစင်ကျေးရွာ၌ ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ပြည်ခိုင်ဖြိုးပါတီ USDP တို့ အဓိက ယှဥ်ပြိုင်ခဲ့သည့် ကျေးရွာအုပ်စုတစ်ခု ဖြစ်ကြောင်း တွေ့ရသည်။

တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...