စစ်ရှောင်စခန်းကနေ နေအိမ်ပြန်ကြည့်တဲ့ ဒေသခံတစ်ဦး မိုင်းနင်းမိ

စစ်ရှောင်စခန်းကနေ နေအိမ်ပြန်ကြည့်တဲ့ ဒေသခံတစ်ဦး မိုင်းနင်းမိ

စစ်ရှောင်စခန်းကနေ ဒီးမော့ဆိုမြို့ ဆီးလီဒုံးကျေးရွာမှာရှိတဲ့ နေအိမ်ကို ပြန်ကြည့်တဲ့ ဒေသခံ တစ်ဦး မိုင်းနင်းမိပြီး ခြေတောက်တစ်ဖက် ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံ တစ်ဦးက ပြောပြပါတယ်။

“ မနေ့က ဆီးလီဒုံးရွာက ပြည်သူတစ်ယောက်တော့ နင်းမိတယ်လို့တော့ ကြားတယ်။ သူအိမ်ပြန်ရင်းနဲ့ အိမ်ဝန်းထဲမှာ မိုင်းထောင်ထားလို့ အဲ့ဒါ သူပြန်နင်းမိတယ်လို့တော့ သတင်းကြားရတယ်။ သူက ယောကျာ်းလေး အသက်လေးဆယ်ငါးဝန်းကျင်ရှိပြီ။ သူစစ်ဘေးရှောင်ရင်းနဲ့ အိမ်ပြန်ကြည့်တာလားမသိပါဘူး။ “ လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဆီးလီဒုံးကျေးရွာမှာ ဒေသခံတချို့ နေရပ်ပြန်နေထိုင်တာတွေရှိသလို ပြန်မနေရဲသေးပဲ နေအိမ်ပြန်ကြည့်တဲ့သူတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၀ရက်နေ့မှာလည်း ဒေါစဲကျေးရွာက ရိက္ခာပြန်ယူတဲ့ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ရပါတယ်။

၂၀၂၂ခုနှစ် မတ်လမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တဲ့အတွက် ပူဖားကနေ နန်းမယ်ခုံကျေးရွာအထိ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ဇွန်လအတွင်းမှာတော့ ပူဖားကျေးရွာ၊ ဒေါကမီးကျေးရွာ၊ ဆီးလီဒုံးကျေးရွာ၊ ဟန်သောခူ ရွာတွေက ဒေသခံတချို့ တိုက်ပွဲဖြစ်ပွားမှု နည်းပါးလာသလို၊ သီးနှံပြန်လည်စိုက်ပျိုးချင်တဲ့အတွက် နေရပ်ပြန်နေထိုင်တာတွေရှိနေပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့နေရာတွေမှာ စစ်ကောင်စီက မိုင်းထောင်ထားတာတွေရှိခဲ့သလို ဒေသခံ နေအိမ် အများအပြားလည်း မီးရှို့ဖျက်စီးခံခဲ့ရပါတယ်။ ဒေသခံတချို့ကတော့ နယ်မြေရှင်းလင်းရေး သေချာ မပြုလုပ်ရသေးတဲ့အတွက် နေရပ်မပြန်ရဲသေးတာတွေရှိသလို နေအိမ်မီးရှို့ခံရတဲ့အတွက် ပြန်စရာနေအိမ်မရှိပဲ စစ်ရှောင်စခန်းမှာပဲ နေထိုင်နေရတဲ့ သူတွေလည်းရှိပါတယ်။

 စစ်ကောင်စီ ဘက်က တော့ ဒေသခံတွေကို နေရပ်ပြန်လာနေထိုင်ဖို့ ပြောဆိုထားတာရှိပါတယ်။

ဓာတ်ပုံ - ကယန်းအမျိုးသား ကျန်းမာရေးကော်မတီ (KNHC)
August 11, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာတွင် ဒေသခံများနှင့် စစ်ဘေးရှောင်များ...
August 10, 2026
ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ၁၉၄၈ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ စစ်အာဏာရှင်စနစ်ကို တော်လှန်...
August 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒေလကြိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် အရေပြား...
August 8, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုများနှင့်...