ကရင်နီပြည်မှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူ ၂၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်

ကရင်နီပြည်မှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူ ၂၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်

ယနေ့ စစ်ကောင်စီကနေ တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထုတ်ပြန်ခဲ့ပြီး ကရင်နီပြည်မှာ ဖြေဆိုပြီး အောင်မြင်သူ ၂၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံပညာရေးတစ်ခုဖြစ်တဲ့ ပညာရေးဝန်ကြီးဌာန ရဲ့ website စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်က တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ အနည်းဆုံးပြည်နယ် ဖြစ်ပါတယ်။ ဖားဆောင်း၊ ဘောလခဲ၊ မယ်စဲ့၊ လွိုင်ကော် မြို့နယ် ၄ ခုက ကျောင်းသား စုစုပေါင်း ၅၇၅ ဦး ဖြေဆိုခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

အောင်မြင်သူ ၂၂၂ ဦး ရှိပြီး လွိုင်ကော် ၁၆၅ဦး၊ ဘောလခဲ ၃၈ဦး၊ မယ်စဲ့ ၁၃ဦးနဲ့ ဖားဆောင်း ၆ ဦး တို့ ဖြစ်ကြပါတယ်။ တက္ကသိုလ်ဝင်တန်း ဖြေဆိုဖို့ စာရင်းပေးသွင်းသူ ၇၈၀ဦး ရှိခဲ့ပြီး ၅၇၅ဦး ဖြေဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ကရင်နီပြည်မှာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၉-၂၀ မှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ၈ထောင်နီးပါးရှိခဲ့ပြီး အောင်မြင်သူ ၂ထောင်ကျော် ရှိခဲ့ပါတယ်။

၂၀၂၀-၂၁ မှာတော့ ကိုဗစ်နဲ့ အာဏာသိမ်း မှုကြောင့် ကျောင်းမတက်ခဲ့ရပါဘူး။ သို့ပေမယ့် ၂၀၂၁-၂၂ မှာ ကျောင်းသားအနည်းစုကတော့ စစ်ကောင်စီ လက်အောက်က ဖွင့်လှစ်တဲ့ ကျောင်းတွေမှာ တက်ရောက်ပြီး တက္ကသိုလ်ဝင်တန်း ဖြေဆိုတာတွေ ရှိခဲ့ပါတယ်။

ကရင်နီပြည်အတွင်း လက်ရှိမှာ လူဦးရေ ၂ သိန်းကျော် စစ်ဘေးရှောင်နေကြရပြီး ကျောင်းနေအရွယ်နဲ့ သက်ကြီးရွယ်အို အများဆုံး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာတော့ ကရင်နီပြည်တွင်းက စစ်ရှောင်တွေ နေထိုင်တဲ့ နေရာမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ ဖွင့်လှစ်ခဲ့ပြီး စာသင်ကျောင်း ၂၀၀ ဝန်းကျင်နဲ့ ကျောင်းသားပေါင်း ၂ သောင်းကျော်ကို စာသင်ကြားပေးနိုင်ခဲ့လို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂ က ပြောထားပါတယ်။

လက်ရှိ ၂၀၂၂ ခုနှစ်မှာလည်း ကြားကာလပညာရေး ဖော်ဆောင်တာတွေ၊ ကိုယ်ထူကိုယ်ထ စာသင်ကြားပေးနေတာတွေ ဆောင်လျက်ရှိနေပါတယ်။

Most read this week

December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...