မိုင်းဆတ်မြို့ မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရ

မိုင်းဆတ်မြို့ မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရ
ကလေးငယ် မုဒိမ်းကျင့်ခံရသည့် နေရာ
ကလေးငယ် မုဒိမ်းကျင့်ခံရသည့် နေရာ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့မှ အသက် ၁၀ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးကို တရပ်ကွက်တည်း နေထိုင်သည့် အမျိုးသားတစ်ဦးက မုဒိမ်းကျင့်ခဲ့ကြောင်း သတင်းသိရသည်။

ဇွန်လ ၁၅ ရက် ညနေပိုင်း ၃ နာရီကျော်ချိန်တွင် မိုင်းဆတ်မြို့ မယ်ဆွမ်း မြောက်ရပ်ကွက်တွင်နေထိုင်သည့် အသက် ၁၀ နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးကို အသက် ၄၂ အရွယ်ရှိ အမျိုးသားတစ်ဦးက မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကလေးငယ်ရဲ့ အမေက သူများရဲ့ အိမ်မှာ အလုပ်လုပ်ပြီး သူ့သမီးကို ရှာကျွေးနေတာပါ၊ နှစ်ယောက်တည်း နေကြတာ မုဒိမ်းကျင့်တဲ့ သူကလည်း သူတို့နဲ့ ရင်းနှီးတယ်ထင်တယ်၊သူ့အမေကိုအပြင် ထုတ်လိုက်ပြီး သူ့သမီးကို မုဒိမ်းကျင့်လိုက်တာလို့သိရတယ်” ဟု မိုင်းဆတ်မြို့မှ ဒေသခံအမျိုးသားတစ်ဦး က ပြောသည်။

အဆိုပါ ကျူးလွန်သည့် အမျိုးသားသည် အသက် ၄၂ နှစ်အရွယ် ဦးနေမင်းဦး ဟုသိရပြီး အဓမ္မပြုကျင့်ခံရသူ မိန်းကလေးငယ်နှင့်တစ်ရပ်ကွက်တည်း နေထိုင်သည့် အိမ်နီးချင်းများဖြစ်ကြောင်းလည်း သိရသည်။

မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်၏ မိခင် အိမ်ပြန်လာအချိန်တွင် သမီးငယ်ငိုနေသည်ကို မြင်ရသည့် အပြင် မိန်းကလေးငယ်၏ အင်္ဂါမှလည်း သွေးထွက်နေသည်ကို တွေ့ရကာ သမီးငယ်ကို မေးမြန်းရာ မုဒိမ်းကျင့် ခံရကြောင်း သိရသည်။

“ဖြစ်စဥ်က ၃ နာရီကျော်မှာဖြစ်သွားတယ်၊ သူ့အမေက ဖြစ်စဥ်တွေကို သိသိပြီးချင်း ၅ နာရီထိုးခါနီးမှာ ရဲစခန်းကို သွားပြီး တိုင်ချက်ဖွင့်တော့ ရဲတွေက စစ်ဆေးမှုပြုပြီး အဲ့ဒီတရားခံကိုလည်း ရှာဖွေ ဖမ်းဆီးခဲ့တယ်၊ မှုခင်းဖြစ်ပွား တဲ့ နေရာကိုလည်း ရဲတွေသွားစစ်ဆေးပြီး မှတ်တမ်းဓါတ်ပုံယူခဲ့တယ်၊ အမျိုးသမီးငယ်ကိုတော့ ဆေးရုံပို့ထားပါတယ်” ဟု ဌာနဆိုင်ရာနှင့် ဆက်စပ်ပတ်သက်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကျူးလွန်သည့်သူကို မိုင်းဆတ်မြို့မှ ရဲစခန်း ဖမ်းဆီးစစ်ဆေးပြီး ချုပ်နှောင်ထားကြောင်း ၎င်းကိုယ်တိုင်ကလည်း ကျူးလွန်ခဲ့သည်ကို ဝန်ခံထားကြောင်း သိရသည်။

ထို့ကြောင့် ကျူးလွန်သည့် ဦးနေမင်းဦးကို မုဒိမ်းမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် မိုင်းဆတ်မြို့မ ရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြစ်ပွားသည့် သက်ငယ်မုဒိမ်းကျင့်မှုနှင့်ပတ်သက်ပြီး ဒေသအတွင်းမှ အမျိုးသမီးများ ကလေးငယ်မိဘများက စိုးရိမ်နေကြပြီး တရားဥပဒေ စိုးမိုးမှု ဒီထက် ပိုမိုအားကောင်းလာရန် မျှော်လင့်နေကြောင်းလည်း သိရသည်။

မိုင်းဆတ်မြို့နယ်အတွင်းတွင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကလေးငယ်တစ်ဦးကို တရုတ်ပြည်သို့ ရောင်းချရန် ကြိုးစားသည့် တရားခံနှစ်ဦးကို ထောင်ဒဏ်နှစ် ၂၀စီရင်ချက် ချခဲ့သည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။

Most read this week

June 16, 2026
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ...
June 15, 2026
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်...
June 13, 2026
စိုင်းဟန်လင်း — မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို...
June 12, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း မိုင်းရှူမြို့နယ်ရှိ အစိုးရ စာကျောင်းများတွင်...