မြန်မာစစ်ဘေးရှောင် ၉၉ ရာခိုင်နှုန်းကျော် ID ကဒ်ထုတ်ပေးပြီဟုဆို

မြန်မာစစ်ဘေးရှောင် ၉၉ ရာခိုင်နှုန်းကျော် ID ကဒ်ထုတ်ပေးပြီဟုဆို

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ခိုလုံနေကြသော မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူ ၉၉ ရာခိုင်နှုန်းကျော်ထံ ဒုက္ခသည်အသိမှတ်ပြုကဒ် (ID) ထုတ်ပေးထားပြီဟု သိရသည်။

မီဇိုရမ်ပြည်ထဲရေးဝန်ကြီး ဦးဆောင်မှုဖြင့်ဖွဲ့စည်းထားသော High-Level Committee on Myanmar refugee’s အဖွဲ့၏ ယခုနှစ်ဇွန်လ ၄ ရက်နေ့အထိ စာရင်းမှတ်တမ်းအရ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၂၉၉၆၄ ဦးရှိသည့်အနက် ၂၉၇၅၁ ဦးထံ အဆိုပါ ID ကဒ်ပြားများကိုထုတ်ပေးထားပြီဖြစ်ကာ ရာခိုင်နှုန်းအားဖြင့် ၉၉.၂၈ ရှိသည်ဟု The Aizawl Post သတင်းတွင်ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့စစ်တပ်က မတရားအာဏသိမ်းယူပြီးနောက် နိုင်ငံတဝန်း စစ်အာဏာရှင်စနစ်ဆန့်ကျင်မှု ပေါ်ပေါက်ခဲ့ပြီး စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုးခွင်းကာ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်တိုက်လုပ်ဆောင်လာခဲ့သောကြောင့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်က ပြည်သူများသည် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများအား စနစ်တကျစာရင်းပြုစုရန် မီဇိုရမ်အစိုးရက ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် ကျေးရွာအဆင့်အထိ ကော်မတီအသီးသီးဖွဲ့စည်းကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကစ၍ စစ်ဘေးရှောင်ပြည်သူများ ID ထုတ်ပေးရေးကို အကောင်ထည်ဖော် ဆောင်ရွက်ခဲ့သည်။

High-Level Committee on Myanmar refugee’s အဖွဲ့၏ စာရင်းမှတ်တမ်းအရ ယခုလက်ရှိ မီဇိုရမ်ပြည်နယ် ခရိုင် ၆ ခုတွင် စစ်ဘေးရှောင်စခန်း (Relief Camp) ၁၄၉ ခုရှိကာ ယင်းစခန်းများတွင် စစ်ဘေးရှောင်ပြည်သူ ၁၁၈၃၃ ဦး နေထိုင်ကြပြီး စစ်ဘေးရှောင်စခန်းမဟုတ်သည့် အခြားသောနေရာများတွင် နေထိုင်ကြသူ ၁၈၁၃၁ ဦးရှိသည်ဟု သိရသည်။

April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...