ကိုဗစ်ချေးငွေ တစ်နှစ် ဆိုင်းငံ့ပေးရန် ဆားတောင်သူများ တောင်းဆို

ကိုဗစ်ချေးငွေ တစ်နှစ် ဆိုင်းငံ့ပေးရန် ဆားတောင်သူများ တောင်းဆို

မွန်ပြည်နယ်အတွင်း နေလှန်းဆားလုပ်ငန်းများ ဆားဖျက်မိုးကြောင့် သုံးကြိမ်တိုင်တိုင် ပျက်စီးခဲ့သောကြောင့် ကိုဗစ်ချေးငွေကို တစ်နှစ်ဆိုင်းငံ့ပေးရန် တောင်းဆိုကြောင်း ဆားတောင်သူများက ပြောသည်။

ပြီးခဲ့သည် ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလတို့တွင် ဆားဖျက်မိုးရွာသွန်းခဲ့သောကြောင့် ဆားတန်ချိန် ထောင်ချီ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဆားတောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရသောကြောင့် ကိုဗစ်ချေးငွေကို တစ်နှစ် ‌ဆိုင်းငံ့ပေးရန် တောင်းဆိုကြောင်း ၎င်းက ပြောသည်။

"လာမယ့်နှစ် တစ်ချို့ကွင်းတွေက မထွက်နိုင်ဘူးပြောကြတာပေါ့လေ။ အခုချိန်မှာ။ အဲတော့ နိုင်ငံတော်ကိုလည်း ကျွန်တော်တို့က အကြွေးတွေ ပေးဆပ်ရဦးမယ်ဆိူတော့ နိုင်ငံတော် မေတ္တာရပ်ခံထားတာက ကိုဗစ်ချေးငွေတွေကို တစ်နှစ်ကို ပြန်ဆိုင်းငံ့ပေးဖို့ပါ"ဟု ၎င်းက ပြောသည်။

ဆားဖျက်မိုးကြောင့် တောင်သူများ ဆားတန်ချိန်ထောင်ချီ ပျက်စီးဆုံးရှုံးခဲ့ရပြီး ယခုနှစ်တွင် ဆားအထွက်နှုန်းလည်း တစ်ဝက်ခန့် လျော့ကျခဲ့ကြောင်း ၎င်းက ပြောသည်။

လာမည့် ဆားရာသီတွင် ဆားလုပ်ငန်းပြန်လုပ်ကိုင်ရန် ငွေကြေးခက်ခဲနိုင်သောကြောင့် ချေးငွေကို ဆိုင်းငံ့ပေးစေလိုကြောင်း ပေါင်မြို့နယ်က ဆားတောင်သူ တစ်ဦးပြောသည်။

"ဒီမှာက ကျွန်တော်တို့တွေ တော်တော်အထိနာပါတယ်။ လာမယ့် နှစ် ဆားရာသီ အစမှာတောင် ကွင်းပြန်စဖို့ မလွယ်ဘူးဖြစ်နေတယ်"ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဆားကြမ်းတစ်ပိဿာ ၂၅၀ ကျပ်၊ ဆားချော တစ်ပိဿာ ၃၂၀ ကျပ်ထိ ဈေးရှိနေသော်လည်း ပျက်စီးဆုံးရှုံးမှုကို မကာမိကြောင်း ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်တွင် နေလှန်းဆားများကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့တို့မှာ အဓိက ထုတ်လုပ်နေတာ ဖြစ်ခြင်း ဖြစ်သည်။

နှစ်စဉ် ဆားတန်ချိန် ၄၀၀၀၀ ကျော် ပုံမှန် ထုတ်လုပ်နေသော်လည်း ယခုနှစ်တွင် တန်ချိန် ၂၀၀၀၀ ကျော်သာ ထွက်ရှိခဲ့ကြောင်း သိရသည်။

Most read this week

August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...
August 6, 2026
တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ လမိုင်းကော့ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့်...
August 5, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်တစ်ကြောတွင် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများမှာ နယ်စပ်...
Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...