NLD ကိုယ်စားလှယ်အိမ်ကို စစ်တပ်က ဝင်စီး

NLD ကိုယ်စားလှယ်အိမ်ကို စစ်တပ်က ဝင်စီး

ဧရာဝတီတိုင်း၊ မအူပင်မြို့ နယ် NLD ပါတီက လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ ဝင်များက ဝင်ရောက်စီးနင်းခဲ့သည်ဟု သိရသည်။

အမှတ် ၂ ရပ်ကွက် ဘုန်းကြီးကျောင်းလမ်း ရှိ NLD ပါတီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး ၏ နေအိမ်ကို စစ်ကောင်စီက အင်အား ၆၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းခြင်း ဖြစ်သည်ဟု ဒေသခံများက ပြော သည်။

 “သွေးသောက် ကောင်တွေနဲ့ ပျူစောထီးကောင်တွေက တချို့က သေနတ်၊ တချို့ကတုတ်၊ ဓားတွေ ကိုင်ထား တယ်။ ယူနီဖောင်း မပါဘူး ဓားပြတွေကြနေတာဘဲ” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးကပြောသည်။

မေလ ၂၆ ရက်နေ့ ညပိုင်းမှာတွင် ဦးဇော်မိုး၏ အိမ်ကို ဝင်ရောက်စီးနင်းချိန် စစ်ကောင်စီ၏အဖွဲ့တွင် စစ်သားနှင့် ရဲများ အပြင် လက်နက်ကိုင်ထားသည့် သွေးသောက်အဖွဲ့၊ ပျူစောထီး နှင့် သတင်းပေး ဒလန်များလည်း ပါဝင်သည်ဟု မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်များအရ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချု့် NLD ပါတီ၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးက စစ်ကောင်စီ ၏ လိုက်လံဖမ်းဆီးနေမှုကြောင့် ယခင်ကတည်းက ရှောင်တိမ်းနေသူ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

နေအိမ်ကို စစ်ကောင်စီအဖွဲ့က ဝင်ရောက် ရှာဖွေပြီး ဦးဇော်မိုးနှင့် အဆက်သွယ် ရှိမရှိမေးရာ မရှိကြောင်း ပြန် လည် ပြောပြသည်ကိုလည်း ဆဲဆိုကြိမ်းမောင်းပြီး ပြန်သွားဟု မိသားစုနှင့် နီးစပ်သူတစ်ဦး က ပြောသည်။

မိသားစုနှင့် နီးစပ်သူ တစ်ဦးက “တစ်အိမ်လုံးကို မွှေနှောက်ရှာသွားတယ်။ ဇော်မိုးဘယ်မှာလဲ မေးသွားတယ် အဖမ်းခံဖို့လည်း ပြောသွားတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ သွေးသောက် အဖွဲ့ဝင်များက ဦးဇော်မိုး အိမ်ကို မေလ တတိယအပတ် အတွင်းကလည်း မီးရှို့ရန် ကြိုးပမ်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးအိမ်တွင်လည်း ခြိမ်းခြောက်စာကပ်ခြင်း၊ ဝန်းရံသူ တစ်ဦး ကို သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် မအူပင်မြို့တွင် NLD ပါတီက လွှတ်တော် ကိုယ်စားလှယ်များ၏ နေအိမ် နှင့် ပါတီကို ထောက်ခံ ဝန်းရံ သူများ၏ နေအိမ်များကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက မကြာခဏ ဝင်ရောက် စီးနင်း ရှာဖွေလေ့ ရှိသည်ဟု ဒေသခံများက ပြောသည်။

Most read this week

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...