တာဟန်းရပ်ကွက်တွင် နေအိမ်တလုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၊ အိမ်ရှင်အမျိုးသားဒဏ်ရာရ

တာဟန်းရပ်ကွက်တွင် နေအိမ်တလုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၊ အိမ်ရှင်အမျိုးသားဒဏ်ရာရ

ကလေးမြို့အနောက်ဘက် တာဟန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ ယမန်နေ့ (မေလ ၂၅) ည ၈ နာရီခွဲဝန်းကျင်ခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ အိမ်ရှင်အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

“ည ၈ နာရီခွဲလောက်ဖြစ်မယ် လက်နက်ကြီးကျလာတာက အသံတော်တော်ကျယ်တယ် သူတို့ရဲ့ မီးဖိုချောင်ဘက်မှာကျလို့ တော်သေးတာ၊ အိမ်ရှင်အမျိုးသားက ဒဏ်ရာရတယ်၊ သိပ်တော့မပြင်းထန်ဘူးလို့” တာဟန်းဒေသခံတစ်ဦးက ပြောသည်။

ကလေးမြို့တွင် ယမန်နေ့ညက သေနတ်ပစ်ခတ်သံ ထွက်ပေါ်ခဲ့ပြီးနောက် တာဟန်းရပ်ကွက်ဘက်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အနီးနာက နေအိမ်တွေလည်း တုန်ခါသွားကာ အိမ်ခေါင်မိုးပေါ်တွင်လည်း အစနများ ကျရောက်ခဲ့သည်ဟု သိရသည်။

“ကျနော်တို့ မြို့ပေါ်မှာနေတဲ့သူတွေလည်း မလုံခြုံတော့ဘူး၊ ဘယ်ချိန်မှာ ကိုယ့်အိမ်ပေါ်ကို လက်နက်ကြီးကျရောက်လာမလဲဆိုတာ အမြဲစိုးရိမ်ထိပ်လန့်နေရတယ်၊ အခုက စစ်ကောင်စီတပ်က သူတို့ကြိုက်တဲ့နေရာမှာရမ်းသမ်းပစ်ပြီး ကျချင်တဲ့ နေရာကျဆိုတဲ့သဘောဖြစ်နေပြီ" ဟု တာဟန်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် တာဟန်းရပ်ကွက်ဘက်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု မကြာခဏဖြစ်ပွားလေ့ရှိပြီး မေလ ၁၀ ရက်နေ့ကလည်း တာဟန်းစျေးအနီး KT ထမင်းဆိုင်အိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲဖြစ်ပြီးဖြစ်သည်။

Most read this week

February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...