ထားဝယ်တွင် PDF တစ်ဦး၏ မိခင် သေနတ်ဖြင့် ပစ်သတ်ခံရ

ထားဝယ်တွင် PDF တစ်ဦး၏ မိခင် သေနတ်ဖြင့် ပစ်သတ်ခံရ
ကမ်းနားဈေး(ပျံကျဈေးသစ်) ပုံဟောင်း
ကမ်းနားဈေး(ပျံကျဈေးသစ်) ပုံဟောင်း

ထားဝယ်မြို့ ကမ်းနားဈေး (ပျံကျဈေးသစ်) တွင်  PDF အဖွဲ့ဝင် တဦး၏ မိခင်ဖြစ်သူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု စျေးသည်များက ပြောသည်။

အသက် ၆၀ အရွယ် အမျိုးသမီး PDF အဖွဲ့ဝင်တစ်ဦး၏ မိခင်သည် မေလ ၂၄ ရက်နေ့၊ နံနက် ၉ နာရီ ဝန်းကျင်ခန့် က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

“သုံးချက် ဆင့်ပစ်တာ ကြားရတယ်။ သေနတ်သံကြားတာနဲ့ ဈေးထဲက လူတွေပါ အကုန်ထွက်ပြေးကြတာ။ တချို့ဆို ဆိုင်တွေ အမြန်သိမ်းပြီးတောင်ပြေးတာ” ဟု အသက် ၃၀ အရွယ် ပိန္နဲတောရပ်က ဈေးလာဝယ်သည့် အမျိုးသမီးတစ်ဦး က ပြောသည်။

ပစ်သတ်ခံရသူမှာ ကြက်စာပြင်ရပ်ကွက်တွင် နေထိုင်သည့် PDF အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုအောင်ခိုင်၏ မိခင် အသက် ၆၀ ကျော်အရွယ် ဒေါ်ညွန့်လှိုင် ဆိုသူဖြစ်သည်။

ဒေါ်ညွန့်လှိုင် က ကမ်းနာဈေးတွင် ဒူးရင်းသီးရောင်းချနေစဉ် သေနတ်ဖြင့် အပစ်ခံရသည့် နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ကမ်းနားဈေး အနောက်ဘက်အခြမ်းရှိ ငါးဈေးတန်းအဝင်ဝတွင် ဒူးရင်းသီးရောင်းချနေစဉ် အမည်မသိ လူနှစ်ဦး က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်း၊ လည်ပင်းနှင့် ရင်ဘတ်တို့ တွင် ကျည်ထိမှန်သွားခဲ့သည်ဟု ဈေးသယ် တစ်ဦးက ပြောသည်။

သေဆုံးသူ ဒေါ်ညွန့်လှိုင်သည် ရာသီပေါ်သီးနှံဖြစ်သည့် ဒူရင်းသီးရောင်းချသည့်အပြင် ပုံမှန်အချိန်များတွင် ငါးရောင်းချလေ့ရှိသူ တစ်ဦးဖြစ်သည်ဟု သိရသည်။

စျေးအတွင်း သေနတ်ပစ်ခံရပြီးနောက် ရဲနှင့် စစ်သားအချို့ရောက်ရှိလာကာ အရေးပေါ်လူနာတင်ကားဖြင့် ဒေါ်ညွန့်လှိုင် ၏ အလောင်းကို တင်ဆောင်သွားသည်ဟု ဈေးသည်များကပြောသည်။

ထားဝယ်မြို့ပေါ်ရှိ လူအသွားအလာများသည့် ဈေးအတွင်း ယခုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွား ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်ဟု ထားဝယ်မြို့ခံများက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို မည်သည့်အဖွဲ့က မည်သည့် အကြောင်းကြောင့် လုပ်ဆောင်ခဲ့သည်ဟု ထုတ်ဖေါ် ပြောဆို ထားခြင်း မရှိသေးပေ။

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...