လုံခြုံရေးအခြေအနေကြောင့် ရော်ဘာအစေးခြစ်သမားများ သွားလာရခက်ခဲ

လုံခြုံရေးအခြေအနေကြောင့် ရော်ဘာအစေးခြစ်သမားများ သွားလာရခက်ခဲ

မွန်ပြည်နယ်တွင် ညမထွက်ရ အမိန့်အပါအဝင် လုံခြုံရေးတင်းကြပ်မှု အခြေအနေများကြောင့် ရော်ဘာခြံသို့ သွားလာရန် ခက်ခဲနေကြောင်း ရော်ဘာတောင်သူများထံက သိရသည်။

‌ရော်ဘာလုပ်သားများအနေဖြင့် အစေးခြစ်ရန် ခြံသို့သွားရောက်ကြသော်လည်း အစစ်ဆေးခံရခြင်း၊ နယ်မြေမလုံခြုံမှုများကြောင့် ခြံထဲသို့ သွားလာရန် ခက်ခဲနေကြောင်း ရော်ဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။

"အရင်လိုမဟုတ်တော့‌ဘူးလေ။ ညမထွက်ရ အမိန့်လည်းရှိတယ်။ ညမထွက်ရအချိန် မရောက်သေးရင်တောင် ပစ်တာခတ်တာတွေရှိနေတော့ ခြံထဲ မဆင်းရဲကြဘူး။ ပြီးတော့ ညဘက်သွားရင်လည်း အရမ်းအစစ်ခံရ မေးတာခံရတာတော့ မသွားလာရဲကြတော့ဘူး"ဟု ၎င်းက ပြောသည်။

ရော်ဘာခြံသို့ နေ့ဘက်များတွင်သာ သွားလာနေရပြီး ညဘက်တွေ ခြံကို လူစောင့်မရှိဘဲ ပစ်ထားရကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် ရော်ဘာအစေးခြစ်သမားများဟည် ရွေ့ပြောင်းလုပ်သားများ ဖြစ်ပြီး လက်ရှိတွင်လည်း အလုပ်သမားရှားပါးမှုနှင့် ကြုံနေရကြောင်း ရော်ဘာလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

"ခရီးသွားလာရင်လည်း အရမ်းစစ်ဆေးတယ်။ လူငယ်တွေကို အဓိကစစ်တာလေ။ ရော်ဘာလုပ်သားတွေက ပဲခူး၊ ဧရာဝတီတို့က အဓိကလာကြတာဆိုတော့ သူတို့လည်း လာဖို့ခက်နေတယ်။ ဒီမှာလည်း ရှိတဲ့အလုပ်သမားတွေနဲ့ပဲ လုပ်ပေါ့"ဟု ၎င်းက ပြောသည်။

ရော်ဘာအစေးကို မနက်ပိုင်းတွင်သာ ခြံထဲသို့ သွားရောက် ခြစ်ယူရသောကြောင့် ယခင်နှစ်များထက် အထွက်နှုန်း နည်းကြောင်း ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်အတွင်း ရော်ဘာစိုက်ပျိုးဧက ငါးသိန်းကျော် ရှိသော်လည်း ပိတ်သိမ်းလာကြသည့် ရော်ဘာဧကလည်း နှစ်သိန်းနီးပါး ရှိလာပြီဖြစ်ကြောင်း ပြည်နယ်ရော်ဘာလုပ်ငန်းရှင်အသင်းက သိရသည်။

May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...