အရပ်သား ၇ ဦးကို လက်နက်များနှင့် ပြန်လာလဲရန် စစ်ကောင်စီ ပြန်ပေးဆွဲ

အရပ်သား ၇ ဦးကို လက်နက်များနှင့် ပြန်လာလဲရန် စစ်ကောင်စီ ပြန်ပေးဆွဲ

ချင်းပြည်နယ်၊ မတူပီမြို့ပေါ်တွင်နေထိုင်သည့် အမျိုးသမီး ၆ ဦး အပါအဝင် အရပ်သားပြည်သူ ၇ ဦးကို ဓားစာခံ အဖြစ်ဖမ်းဆီးသွားပြီး CDM စစ်သားနှစ်ဦးယူလာသည့် လက်နက်များဖြင့် ပြန်လာလဲပေးရန် စစ်ကောင်စီက ဆက်သွယ် လာသည်ဟု Chinland Defense Force – Matupi အဖွဲ့ထံမှ သိရသည်။

Chinland Defense Force – Matupi အဖွဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ဆီ ဆက်သွယ်တဲ့အခါ ဖမ်းထား တဲ့သူတွေကိုပဲ ပြောခိုင်းတာဗျ။ သူတို့ ကိုယ်တိုင်မပြောဘူး။ ကျမတို့ကို သတ်တော့မယ်။ ညှိပေးပါ။ ဘယ်နေ့ နောက်ဆုံး ဘာညာပေါ့။ ဒါပေမယ့် သူတို့ဘယ်လိုပဲ သတ်မှတ်သတ်မှတ်ပါ ကျနော်တို့ကတော့ စစ်ကောင်စီနဲ့ ဘယ်အပေးအယူမှ မလုပ်ဘူး” ဟု ပြောသည်။

မတူပီမြို့ အခြေစိုက် စစ်ကောင်စီ၏ စစ်ဗျူဟာတပ်စခန်းမှ တပ်သားချစ်ကိုကိုနှင့် မုံရွာအခြေစိုက် ထပရ ၉၂၉ တပ်က တပ်သားဖြိုးမင်းတို့ နှစ်ဦးသည် ဧပြီလ ၂၁ ရက်က Chinland Defense Force – Matupi အဖွဲ့ထံ CDM ပြုလုပ်လာခဲ့ပြီး ၎င်းတို့နှင့် အတူ BA-72(G4)၊ MA -2၊ MA-3 စုစုပေါင်း လက်နက် ၃ လက်၊ ကျည်ဆံအချို့နှင့် မိုင်း အချို့ပါလာခဲ့သည်ဟု အဆိုပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုတပ်သားနှစ်ဦး လက်နက်နှင့်အတူ CDM ပြုလုပ်လာပြီးနောက် ဧပြီလ ၂၂ ရက်နေ့တွင် စစ်ကောင်စီက မတူပီ မြို့ပေါ်တွင် နေထိုင်သည့် အမျိုးသမီး ၆ ဦး အပါအဝင် အရပ်သားပြည်သူ ၇ ဦးကို စစ်ဗျူဟာစခန်းသို့ ဖမ်းဆီးခေါ် ဆောင်သွားခြင်း ဖြစ်သည်ဟု Chinland Defense Force – Matupi က ပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့် ပြည်သူများကို ညှင်းပန်းနှိပ်စက်မှုများပြုလုပ်နေသည်ဟုလည်း Chinland Defense Force – Matupi အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူ ၇ ဦးစလုံးမှာ အသက် ၃၀ ဝန်းကျင်ရှိ လူလတ်ပိုင်းအရွယ်များ ဖြစ်ကြပြီး စတင် ဖမ်းဆီးသွားချိန်မှစ၍ ယနေ့တိုင် ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

အချို့နေ့များတွင် တစ်ရက်အတွင်း ဖုန်းဖြင့် ငါးကြိမ်ခန့်အထိ ဆက်သွယ်နေသည်ဟု Chinland Defense Force – Matupi အဖွဲ့က ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“စစ်သားတွေက သူတို့ တိုက်ရိုက်မဆက်ဘဲ ဖမ်းထားတဲ့သူတွေကို အတင်းအကြပ် ဖိအားပေးပြီး ဖုန်းဆက် ခိုင်း တာမျိုး တွေ့ကြုံနေရတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့လက်နက်များ ပြန်လည်ရရှိရန်အတွက် အပြစ်မဲ့ပြည်သူများကို ဓားစာခံအဖြစ် ဖမ်း ဆီး နှိပ်စက်ခြင်း၊ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေခြင်းများ ပြုလုပ်နေသည့် အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကိုလည်း Chinland Defense Force – Matupi အဖွဲ့က ဧပြီလ ၄ ရက်နေ့ က ထုတ်ပြန်ထားသည်။

ထို့အပြင် ဧပြီလ ၂၅ ရက်နေ့ကလည်း ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ် ကောင်စီလက်အောက်ခံ တပ်ဖြစ်သည့် တပ်မ ၁၁ က တပ်သားတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်များနှင့်အတူ အရှင် ဖမ်းမိခဲ့ပြီးနောက် စစ်ကောင်စီက အနီးပတ်ဝန်းကျင်ရှိ ရွာသားများကို ဓားစာခံ အဖြစ်ဖမ်းဆီးကာ ၎င်းတို့တပ်သားနှင့် ပြန်လဲလှယ်ပေးရန် တောင်းဆိုခဲ့သေးသည်ဟု သိရသည်။

ထိုတောင်းဆိုမှုတွင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဖမ်းမိခဲ့သည့် တပ်သားနှင့် ပြန်လဲလှယ်ပေးခြင်းမရှိခဲ့ သော်လည်း ပိတ်မိနေသည့် စစ်ကောင်စီတပ်ကို ထီးလင်းမြို့ရောက်သည်အထိ တစ်စုံတစ်ရာတိုက်ခြင်း မပြုလုပ် ပါ ဆိုသည့် ကတိကိုပေး၍ လမ်းဖွင့်ပေးခဲ့ရကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...