မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်၍ ကမ်းရိုးတန်းဒေသနေပြည်သူများ သတိထားနေထိုင်ကြရန် တိုက်တွန်း

မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်၍ ကမ်းရိုးတန်းဒေသနေပြည်သူများ သတိထားနေထိုင်ကြရန် တိုက်တွန်း

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ်အားကောင်းလာနိုင်၍ ရခိုင်အပါအဝင် ကမ်းရိုးတန်းဒေသနေပြည်သူများ သတိထားနေထိုင်ကြရန် ရခိုင်ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းအေးကျော်က တိုက်တွန်းလိုက်သည်။

“ဒီကာလ မိုးဦး၊ လေဦးဆိုတော့ မုတ်သုန်ဝင်လာတဲ့အချိန်ကျရင် ကမ်းရိုးတန်းမှာနေတဲ့ ကျွန်တော်တို့ဒေသတွေဟာ သတိဝိရိယနဲ့တော့ နေဖို့လိုတာပေါ့နော်။ မိုးတအားရွာရင် လျှပ်တပြတ် ရေကြီးတာတွေ ဖြစ်နိုင်တာပေါ့နော်။ လေဆင်နှာမောင်းတွေ၊ မိုးကြိုးတွေလည်း ပါလာနိုင်တဲ့အတွက် အထူးသတိထားကြဖို့ အကြံပြုဆွေးနွေးလိုတယ်’’ဟု ပြောသည်။

မေလ ၆ ရက် နံနက် ၁၀ နာရီအချိန် တိုင်းထွာချက်များအရ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက်(၄၈) နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ အားကောင်းလာနိုင်သည်ဟုလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာန၏ ယနေ့နံနက် ၁ဝ နာရီခွဲအချိန်ထုတ်ပြန်ချက်အရ သိရသည်။

ဦးထွန်းအေးကျော်က “နေပြည်တော်မိုးဇလကလည်း ဒီမေလ ပထမပတ် ၁၀ ရက်ထဲမှာ မုန်တိုင်းဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားတယ်။ လက်ရှိအခြေနေအရလည်း ဒီနေ့ သို့မဟုတ် မနက်ဖြန် ၅ ရက်၊ ၆ ရက်နေ့တွေမှာ လေဖိအားနည်းရပ်ဝန်းဖြစ်မယ်။ နောက်အားကောင်းလာပြီးရင် မုန်တိုင်းငယ်ပေါ့။ မုန်တိုင်းငယ်ကနေတဆင့် အားကောင်းသော မုန်တိုင်းအဆင့်တွေအထိ ရောက်နိုင်တယ်ပေါ့”ဟု ပြောသည်။

လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့် အတင့် ဖြစ်ထွန်းနေသည်ဟုလည်း မိုး/ဇလ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...