ကလေးမြို့နယ်တောင်ပိုင်း ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအနည်းဆုံး ၂၀ ဦးသေဆုံး

ကလေးမြို့နယ်တောင်ပိုင်း ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအနည်းဆုံး ၂၀ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်း၊ ရှားဖိုကျေးရွာအနီးတွင် မေလ ၂ ရက်နှင့် ၃ ရက်နေ့အထိဖြစ်ပွားသော ၂ ရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အနည်းဆုံး ၂၀ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မေလ ၂ ရက်နေ့နံနက်ပိုင်းကစ၍ ရှားဖိုကျေးရွာဘကို အပြင်းအထန်ထိုးစစ်ဆင်လာခဲ့ရာ PDF (Kalay), CDF(KKG), RKDF, ပ.က.ဖ နှင့် Zomi PDF ပူးပေါင်းတပ်ဖွဲ့နှင့် မေလ ၃ ရက် ညနေပိုင်းအထိ တိုက်ပွဲပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့ကြသည်။

PDF-Kalay မှ ပြေားရေးဆိုခွင့်ရှိသူ ကိုဗစ်တာက “မေလ ၂ ရက်နေ့က ရှားဖိုနဲ့ အောင်မင်္ဂလာကြားမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲက တိုက်ပွဲက တော်တော်လေးပြင်း ထန်ပါတယ်။ မနေ့ကဆိုရင် စစ်ကောင်စီကနေပြီး  ကလေးမြို့ကနေပြီးတော့ တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စင်းသုံးပြီး နှစ်ကြိမ်တိတိ လာရောက်တို်က်ခိုက်တယ် ရှားဖိုရွာဖက်ကို။ မနေ့ကထက်စာရင် ဒီနေ့ကတော့ တိုက်ပွဲအနေအထားကတော့ နည်းနည်းလေးငြိမ်တဲ့ ဟိုဖက်ဒီဖက်စောင့်ကြည့်တဲ့အနေအထားဖြစ်တယ်။” ဟု ပြောသည်။

မေလ ၃ ရက်နေ့ကဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့က တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့် ရှားဖိုရွာသို့ ၂ ကြိမ်လာရောက်ပစ်ခတ်ခဲ့သည်ဟုသိရသည်။

အဆိုပါရှားဖိုကျေးရွာတိုက်ပွဲ နှစ်ရက်တာတွင် ပူးပေါင်းတပ်ဖွဲ့ဘက်မှ CDF-KKG တပ်ဖွဲ့ဝင် ၁ ဦး လက်နက်ကြီး အပိုင်းအစ ထိမှန်ဒဏ်ရာရှိခဲ့သော်လည်း စိုးရိမ်စရာမရှိဟု သိရသည်။

ယင်းတိုက်ပွဲတွင် ပါင်းပူးတပ်ဖွဲ့မှ M1 မောင်းပြန်သေနတ် ၂ လက်၊ MA2 စက်ကလေး ၂ လက်၊ MA ကျည်အိမ် ၁ဝခု၊ ၅.၅၆ ကျည် ၁၅၀ တောင့်၊ နင်းမိုင်း ၁လုံး၊ လက်ပစ်ဗုံး ၁လုံး နှင့် ဖုန်း၂ လုံး သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်ဖက်မှ လွှတ်တင်ထားသည့် ဗုံး ၃လုံး ပါဝင်သည့် တို်က်ခိုက်ရေး ဒရုန်း ၁စင်း ပစ်ချ နိုင်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးပစ်ခတ်သောကြောင့် ရှားဖိုကျေးရွာမှ အရပ်သားပြည်သူ အမျိုးသား ၂ ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ရှားဖိုကျေးရွာသည် အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိပြီး လူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

အလားတူ မေလ ၁ ရက်နေ့ကလည်း ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းကျေးရွာက ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကလွဲ၍ နေအိမ်များအားလုံးနီးပါးကို စစ်ကောင်စီတပ်ဖွဲ့က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...