ရေလုပ်သား ၅ ဦး AA ပတ်သက်မှု သံသယဖြင့် ဖမ်းဆီးခံရ

ရေလုပ်သား ၅ ဦး AA ပတ်သက်မှု သံသယဖြင့် ဖမ်းဆီးခံရ

ဟိုင်းကြီးကျွန်းတွင် ရက္ခိုင့်တပ်တော် AA အဖွဲ့နှင့် ပတ်သက်မှုရှိသည် ဆိုသည့် သံသယဖြင့် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၅ ဦး  ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဧပြီလ ၂၉ ရက်နေ့က ရခိုင်တိုင်းရင်းသား အမျိုးသမီး တစ်ဦးနှင့် အမျိုးသား ၄ ဦးတို့ကို  AA နှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု သိရသည်။

“အဖမ်းခံရတဲ့ သူတွေ အားလုံးက  သာမန်ရေလုပ် သားတွေပါ” ဟု ရွာခံတစ်ဦးက ပြောသည်။

ဧပြီလ တတိယ အပတ် အတွင်းက ဟိုင်းကြီးကျွန်း ဒေသအတွင်းရှိ ရခိုင်တိုင်းရင်းသား အယောက် ၃၀ ဦး ကိုလည်း ရက္ခိုင့်တပ်တော် AA နှင့် ပတ်သက်မှုရှိသည်ဟု ဆိုကာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားပြီး နောက်ပိုင်း ယခုကဲ့ သို့ ထပ်မံ ဖမ်းဆီးခြင်းဖြစ်သည် ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဖမ်းဆီးခံထားရသူများထဲမှ တစ်ဦး၏ မိသားစုဝင်တစ်ဦးက “အဖမ်းခံရတဲ့ သူတွေနဲ့ အဆက်အသွယ်မရဘူး။ ရဲစခန်းမှာလည်း မရှိဘူး။ ဟိုင်းကြီး ရေတပ်စခန်းထဲ ခေါ်သွားတယ် ပြောကြတယ်။ ရိုက်နှက် နှိပ်စက် နေမှာ စိုးရိမ်တယ်” ဟု ပြောသည်။

ဟိုင်းကြီးကျွန်းမြို့ အမှတ် ၃ ရပ်ကွက် အဏ္ဏဝါကျေးရွာမှ အသက် ၃၅ နှစ်ဝန်းကျင် ရှိကြသည့် ကိုမောင်မောင် အပါ အဝင် လူငယ်လူလတ် ၄ ဦးနှင့် ဇီးဖြူချောင်းကျေးရွာဟောင်းမှ အမျိုးသမီး တစ်ဦးတို့ အဖမ်းခံလိုက်ရခြင်း ဖြစ်သည် ဟု သိရသည်။

ဟိုင်းကြီးကျွန်းမြို့ ဒေသအတွင်းရှိ ရခိုင်တိုင်းရင်းသားများနေသည့် ကျေးရွာများတွင် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ ဝင်များရှိပြီး စစ်သင်တန်း လာပေးနေသည်ဆိုသည့် သတင်းများကြောင့် သံသယဖြင့် စစ်တပ် နှင့် ရဲတပ်ဖွဲ့ဝင်များ က လိုက်ဖမ်းနေခြင်းသည် ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူအချို့က ပြောသည်။

ဇီးဖြူချောင်းကျေးရွာဟောင်း မှ အဖမ်းခံလိုက်ရသည့် အမျိုးသမီး၏ သားဖြစ်သူမှာ CDM ရဲဝန် ထမ်းတစ်ဦး ဖြစ်ပြီး သားဖြစ်သူကို မတွေ့၍ မိခင်ဖြစ်သူကို ဖမ်းဆီးသွားသည်ဟုလည်း မိသားစုဝင်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူ အများစုမှာ ဟိုင်းကြီးကျွန်းမြို့ ဒေသရှိ ငါးပြေမကျေးရွာအုပ်စု၊ ကညင်ချောင်းကျေးရွာ၊ အဏ္ဏဝါကျေး ရွာနှင့် ဇီးဖြူချောင်းကျေးရွာ၊ ကျွန်းတဖက်ကမ်းရှိ ကျေးရွာများက  ဒေသခံ ရခိုင်တိုင်းရင်းသားများ ကို အဓိက ထားပြီး စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးနေခြင်းသည် ဟု ဒေသခံများ က ပြောသည်။

ဟိုင်းကြီးကျွန်းတွင် ပမ္မဝတီရေတပ်ဌာနချုပ် အခြေစိုက်ထားပြီး စစ်ကောင်စီ၏ ကက(ကြည်း) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ အချို့လည်းရှိသည်ဟု သိရသည်။

May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...