ချင်းမြေယာမူဝါဒမူကြမ်းကို အတည်ပြု

ချင်းမြေယာမူဝါဒမူကြမ်းကို အတည်ပြု

Network for Chin Community Development (NCCD) က ဦးဆောင်ကျင်းပခဲ့သော ချင်းမြေယာမူ ၀ါဒညီလာခံကို ဧပြီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိသုံးရက်တာအတွင်း အိန္ဒိယ – မြန်မာနယ်စပ်တစ်နေရာတွင်ကျင်းပပြု လုပ်ခဲ့ကြပြီး နောက် ချင်းမြေယာမူဝါဒမူကြမ်းကို အတည်ပြုခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ညီလာခံတွင် ချင်းအရပ်ဘက်အဖွဲ့အစည်းပေါင်း (၂၆) ဖွဲ့မှ ကိုယ်စားလှယ် (၉၃) ဦးတက်ရောက်ခဲ့ကြပြီး ၂၀၁၅ ခုနှစ်မှစတင်လာခဲ့သည့် မြေယာအသုံးချ မှုအလုပ်ရုံဆွေးနွေးပွဲမျ ားမှ ရရှိလာသော ချင်းမြေယာမူဝါဒမူကြမ်းများကို ပြင်ဆင်ဖြည့်စွက်ချက်မျ ားနှင့်အတူအတည်ပြုနိုင်ခဲ့ပြီး ထွက်ပေါ်လာမည့် ချင်းမြေယာဥပဒေအတွက် ခိုင်မာသောအခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့ကြပါသည်ဟု NCCD ကထုတ်ပြန်သည်။

“မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက် ဗဟိုအစိုးရ၏ တရားမျှတမှုမရှိသော စနစ်ဆိုးများကြောင့် ချင်းပြည်နယ်အတွင်းရှိ ချင်းလူမျိုးတို့၏ မြေယာစီမံခန့်ခွဲရေးစနစ်များ ယိုယွင်းပျက်စီးလာပြီး ကျေ းရွာနယ်နိမိတ် ပဋ္ဋိပက္ခပြဿနာများ၊ ဖွံ့ဖြိုးရေးအမည်ခံ စီမံကိန်းများအတွက် မြေယာဆုံးရှုံးမှုများ၊ စစ်တပ်စခန်းများအတွက် မြေယာသိမ်းဆည်းမှုများနှင့် အခြားသော မြေယာရှုံးဆုံးမှုများ ဖြစ်ပွားခဲ့သည်” ဟု NCCD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် ထိုကဲ့သို့မြေယာရှုံးဆုံးမှုများ ထပ်မံဖြစ်ပွားမှုမရှိစေရေးကိုလည်း အဆိုပါညီလာခံတွင် အလေးထားဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ချင်းအမျိုးသားများ မျှော်မှန်းထားသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံတည်ဆောက်ရေးနှင့် လူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့်အညီ ဆီလျှော်သော ချင်းမြေယာဥပဒေများ ပေါ်ပေါက်လာရေးအတွက် အခရာကျသော မြေယာမူဝါဒကောင်းတစ်ခု ဖြစ်ပေါ်လာနိုင်ရေးအတွက်ကိုလည်း တစိုက်မတ်မတ် ကြိုးစားသွားကြမည်ဟု အဆိုပါညီလာခံသို့ တက်ရောက်ကြသော ကိုယ်စားလှယ်များက သဘောတူသံဓိဌာန်ချမှတ်ခဲ့ကြသည်ဟု NCCD က ထုတ်ပြန်သည်။

Most read this week

February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...