ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသည့်သူ ၁၉၀ ကျော် Quarantine ၇ ရက်၀င်ရ

ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသည့်သူ ၁၉၀ ကျော် Quarantine ၇ ရက်၀င်ရ

မြန်မာ - ထိုင်းနယ်စပ်မြို့ဖြစ်သည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နှင့် ပြစ်ဒဏ်မှ လွတ်မြောက်လာသူ (၁၉၀) ကျော် Quarantine (၇)ရက် ၀င်ရကြောင်း စုံစမ်းသိရသည်။

ဧပြီ (၂၄) ရက် ယမန်နေ့ မနက် (၁၀) နရီခန့်တွင် မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတား အမှတ် (၂) မှာ ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူများက မြန်မာနိုင်ငံဘက် တာဝန်ရှိသူထံ ပြန်လည် လွဲပြောင်းပေးကြောင်း သိရှိရသည်။

နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား (၁၁) ဦး၊ အမျိုးသမီး (၁၉) ဦး ၊ ပြစ်ဒဏ်မှ လွတ်မြောက်လာသူ အမျိုးသား (၁၃၇) ဦး ၊ အမျိုးသမီး (၂၉) ဦး စုစုပေါင်း (၁၉၆) ဦး တို့ကို သက်ဆိုင်ရာ မြန်မာဘက်ခြမ်းမှ တာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နေရပ်ပြန်သူများသည် တာချီလိတ်မြို့ရှိ စံလင်းဖြိုး Quarantine Center မှာ (၇) ရက် quarantine ဝင်ရမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ပိုးကင်းစင်သူများကို နေရပ်သို့ ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...