တောင်ကြီးမြို့ရှိ အစိုးရရုံးများ ဗုံးဒဏ်ကာကွယ်သည့် စက်များတပ်ဆင်ထား

တောင်ကြီးမြို့ရှိ အစိုးရရုံးများ ဗုံးဒဏ်ကာကွယ်သည့် စက်များတပ်ဆင်ထား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး နှင့် ဌာနဆိုင်ရာရုံးတစ်ချို့မှာ ဗုံးဒဏ်ကာကွယ်ရေးစက်များ တပ်ဆင်ထားကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဗုံးဒဏ်ကာကွယ်ရေးစက်များကို သင်္ကြန်ကာလနောက်ပိုင်း ရုံးများ ပြန်လည်ဖွင့်ချိန်မှာ တပ်ဆင်ထားကြောင်း အစိုးရရုံး နှင့် နီးစပ်သူ တစ်ဦး ကပြောသည်။

“စစ်ကောင်စီဘက်က လာတပ်ပေးတာတွေ့ရတယ်။ ဘယ်လို အမျိုးအစားလဲဆိုတာကိုတော့ ရုံးထဲက ဝန်ထမ်းတွေကို အသိမပေးထားဘူး။ သတင်းကြားတာတော့ သက်ဆိုင်ရာ ရုံးတိုင်းကို တပ်ထားပေးမယ်လို့ကြားတယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

ပြည်နယ်အစိုးရအဖွဲ့ရုံးအပါအဝင် ပြည်နယ်အဆင့် လျှပ်စစ်အင်ဂျင်နီယာရုံး၊ ရွေးကောက်ပွဲကော်မရှင်ရုံး၊ ခရိုင်၊မြို့နယ် ထွေအုပ်စုပေါင်းရုံး၊ သျှမ်းပြည်နယ်လွှတ်တော်ရုံး၊ ပြည်နယ်ရဲရုံးတွေမှာ တပ်ဆင်နေကြောင်း သိရှိရသည်။

တောင်ကြီးမြို့သည် ပြည်နယ်အစိုးရအဖွဲ့ရုံးအပြင်၊ သျှမ်းပြည်နယ်လွှတ်တော်၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရုံးစိုက်ရာ မြို့တစ်မြို့ဖြစ်သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...