တောင်ကြီးမြို့ရှိ အစိုးရရုံးများ ဗုံးဒဏ်ကာကွယ်သည့် စက်များတပ်ဆင်ထား

တောင်ကြီးမြို့ရှိ အစိုးရရုံးများ ဗုံးဒဏ်ကာကွယ်သည့် စက်များတပ်ဆင်ထား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး နှင့် ဌာနဆိုင်ရာရုံးတစ်ချို့မှာ ဗုံးဒဏ်ကာကွယ်ရေးစက်များ တပ်ဆင်ထားကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဗုံးဒဏ်ကာကွယ်ရေးစက်များကို သင်္ကြန်ကာလနောက်ပိုင်း ရုံးများ ပြန်လည်ဖွင့်ချိန်မှာ တပ်ဆင်ထားကြောင်း အစိုးရရုံး နှင့် နီးစပ်သူ တစ်ဦး ကပြောသည်။

“စစ်ကောင်စီဘက်က လာတပ်ပေးတာတွေ့ရတယ်။ ဘယ်လို အမျိုးအစားလဲဆိုတာကိုတော့ ရုံးထဲက ဝန်ထမ်းတွေကို အသိမပေးထားဘူး။ သတင်းကြားတာတော့ သက်ဆိုင်ရာ ရုံးတိုင်းကို တပ်ထားပေးမယ်လို့ကြားတယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

ပြည်နယ်အစိုးရအဖွဲ့ရုံးအပါအဝင် ပြည်နယ်အဆင့် လျှပ်စစ်အင်ဂျင်နီယာရုံး၊ ရွေးကောက်ပွဲကော်မရှင်ရုံး၊ ခရိုင်၊မြို့နယ် ထွေအုပ်စုပေါင်းရုံး၊ သျှမ်းပြည်နယ်လွှတ်တော်ရုံး၊ ပြည်နယ်ရဲရုံးတွေမှာ တပ်ဆင်နေကြောင်း သိရှိရသည်။

တောင်ကြီးမြို့သည် ပြည်နယ်အစိုးရအဖွဲ့ရုံးအပြင်၊ သျှမ်းပြည်နယ်လွှတ်တော်၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရုံးစိုက်ရာ မြို့တစ်မြို့ဖြစ်သည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...