ရွာငံ PDF စခန်းတစ်ခု စစ်ကောင်စီတပ်ဖွဲ့ဝင်ရောက်စီးနင်း

ရွာငံ PDF စခန်းတစ်ခု စစ်ကောင်စီတပ်ဖွဲ့ဝင်ရောက်စီးနင်း

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီမှ ရှာဖွေတွေ့ရှိသွားပြီး အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။

ဧပြီလ ၂၀ ရက် မွန်းလွဲပိုင်း ၁ နာရီကျော်တွင် ရွာငံမြို့နယ် နဘန်းကြီးကျေးရွာ အနောက် ဘက်ရှိ တောင်ကြားအတွင်း ရှိနေသည့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခု တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နဘန်းကြီးရွာရဲ့ အနောက်ဘက်မှာ ရှိတဲ့ တောင်ကြားတွေမှာ PDF အဖွဲ့တစ်ခုက လေ့ကျင့်ရေး နဲ့ ယာယီစခန်း အဖြစ် နေနေတာရှိတယ်၊ အဲ့ဒါကို စစ်ကောင်စီတွေ့သွားပြီး ဒီနေ့မှာ ဝင်စီးတာ၊ ပစ်ခတ်သံတွေက တစ်နာရီ လောက်ကြာပါတယ်” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းတိုက်ခိုက်မှုများနှင့် ပက်သက်ပြီး ထိခိုက်ကျဆုံးမှုနှင့် ဖမ်းဆီးခံရသည့် စာရင်းများ မသိရသေးကြောင်းနှင့် လက်ရှိတွင် အဆိုပါ တောင်ကြောတစ်ဝိုက်၌ စစ်ကောင်စီ၏ တိုက်လေယာဥ်များ ဝဲပျံနေကြောင်းလည်း သိရသည်။

“အခုဆို တိုက်လေယာဥ် ၃ စီး အဲ့ဘက်မှာ ဝဲနေတယ်၊ ပဲရင်တောင်ဘက်က စစ်ကောင်စီတချို့လည်း ဒီဘက်ကို လာနေကြတယ်လို့ သတင်းရပါတယ်၊ တိုက်ပွဲက ဆက်ဖြစ်လာနိုင်မယ့် အခြေအနေရှိတယ်” ဟု ၎င်းက ပြောသည်။

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး စစ်တပ်အခြေစိုက်လှုပ်ရှားမှု မရှိသော်လည်း စစ်ကောင်စီအာဏာသိမ်းမှုကို လက်မခံသည့် ဒေသခံများ၏ တုံ့ပြန်ချက်ကြောင်း စစ်ကောင်စီတပ်ဖွဲ့တို့က ရွာငံမြို့နယ်အတွင်းသို့ စစ်ကြောင်းချီ ထိုးစစ်ဆင်နေခဲ့သည်။

လက်ရှိတွင် ရွာငံမြို့၏ နေရာတော်တော်များများနှင့် ကျေးရွာများတချို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့တို့က စခန်းချ တပ်စွဲထားပြီးရွာသားများကို ဓားစာခံအဖြစ် ဖမ်းဆီးရိုက်နက် နှိပ်စက်ခြင်း၊ သံသယမှုဖြင့် လူငယ်များကို သတ်ဖြတ်ခြင်းများ ပြုလုပ်နေလျက်ရှိပြီး နေအိမ်အဆောက်အအုံများကိုလည်း ဖျက်စီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...