မော်လမြိုင်မြို့နယ်အတွင်း စက်သုံးဆီများကို ခွဲတမ်းစနစ်ဖြင့် မရောင်းရသေး

မော်လမြိုင်မြို့နယ်အတွင်း စက်သုံးဆီများကို ခွဲတမ်းစနစ်ဖြင့် မရောင်းရသေး

မော်လမြိုင်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီကို ခွဲတမ်းစနစ်ဖြင့် မရောင်းချရသေးကြောင်း စက်သုံးဆီအရောင်းဆိုင်ရှင်များထံက သိရသည်။

လက်လီစနစ် လာရောက်ဝယ်ယူ ဆီဖြည့်သည့် ကားနှင့် ဆိုင်ကယ်များကို လိုသလောက် ရောင်းချပေးနေကြောင်း မော်လမြိုင်မြို့မှ စက်သုံးဆီအရောင်းဆိုင်တာဝန်ရှိသူက ပြောသည်။

"လောလောဆယ်တော့ ကျွန်တော်ကြားရသလောက်က ဘေးဆိုင်တွေလည်း ခွဲတမ်းနဲ့ ရောင်းတာတော့ မရှိသေးဘူး။ ကျွန်တော်တို့ဆိုင်မှာလည်း ခွဲတမ်းနဲ့တော့ မရှိသေးဘူး။ သဘောတစ်ခုမှာတော့ အမရယ်။ ကားတွေလာထည့် ကားဆိုရင်တော့ ဖြည့်မှာပေါ့နော် ဘာကားပဲ ဖြစ်ဖြစ်။ ဆီတိုင်ကီတွေနဲ့ ဆယ်ငါးလုံး အလုံးနှစ်ဆယ်လာရင်တော့ နည်းနည်းတော့ ချိန်ရတာပေါ့"ဟု ၎င်းက ပြောသည်။

လက္ကားစနစ်ဖြင့် ဆီတိုင်ကီများဖြင့် လာရောက်ဝယ်ယူမှုများကိုသာ အကန့်အသတ်ဖြင့် ရောင်းချပေးနေရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် မြို့အတွင်း စက်သုံးဆီဆိုင်များတွင် ကား၊ ဆိုင်ကယ်များ တိုးနေပြီး ပြည်သူများအနေဖြင့် မစိုးရိမ်ကြရန် ဖြည့်စွက်ပြောသည်။

စက်သုံးဆီများ ဝယ်ယူရ ခက်ခဲနေသော်လည်း ပြတ်လပ်မှု မရှိနိုင်သေးကြောင်း စက်သုံးဆီအရောင်းအဝယ်ဆိုင်များထံက သိရသည်။

တစ်ချို့ စက်သုံးဆီ ဆိုင်အသေးများသည် ဆီ ကျန်ရှိနေသည့် အနေအထားပေါ်မူတည်ပြီး နေ့စဉ် နေ့တစ်ဝက်သာ ဖွင့်လှစ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း စက်သုံးဆီရောင်းဝယ်နေသူ တစ်ဦးက ပြောသည်။

မော်လမြိုင်မှ မြို့ခံ တစ်ဦးက "မနက်ထဲက ဆီဆိုင်တွေမှာ ကားတွေ တန်းစီးနေတာ ကားတန်းကြီးက တော်တော်ကို ရှည်တယ်။ ကျွန်တော်ဆိုလည်း ဆီထည့်ဖို့ကို တော်တော်စောင့်လိုက်ရတယ်။ ကျွန်တော်လိုသလောက်ထည့်လိုက်တာပဲ ရောင်းပေးပါတယ်"ဟု ပြောသည်။

လက်ရှိတွင် ကျန်ရှိနေသည့် စက်သုံးဆီများ ကုန်သွားပါက ခဏရပ်နားထားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စက်သုံးဆီ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာနေပြီး ထပ်မံ မြင့်တက်လာနိုင်ကြောင်း စက်သုံးဆီအရောင်းဆိုင်ရှင်များက သုံးသပ်ပြောသည်။

ရေးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ခု (Internet)

May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...