ကင်းလှည့်စစ်ကားအား ရေပက်သူ ပစ်သတ်ခံရ

ကင်းလှည့်စစ်ကားအား ရေပက်သူ ပစ်သတ်ခံရ

ကင်းလှည့်စစ်ကားအား သင်္ကြန်ရေပက်မိသည့် ရွာသားတစ်ဦး ပစ်သတ်ခံလိုက်ရသည်ဟု ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ် ဒေသခံများက ပြောသည်။

ဧပြီလ ၁၅ ရက်နေ့၊ သင်္ကြန်အကြတ်နေ့က ကင်းလှည့်လာသည့် စစ်ကောင်စီကားကို သင်္ကြန်ရေပက်မိသည့် ကညင်ခဲကျေးရွာက ရွာသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေ၊ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရ သည်။

မော်လမြိုင်ကျွန်း မြို့ခံ ဦးဆန်းမင်း က “တစ်ယောက်က ပွဲချင်းပြီး သေသွားတယ်။ တစ်ယောက်က ဆေးရုံတင် လိုက်ရတယ်” ဟု ပြောသည်။

မော်လမြိုင်ကျွန်းမြို့ရှိ၊ ရာဇူဒိုင်တံတားပေါ် သို့ ကင်းလှည့်သည့် စစ်ကောင်စီ၏ ကားကို သင်္ကြန်ရေပက်မိ လိုက် ခြင်း ဖြစ်သည်။

ရေပက်သည့် ရွာသား နှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်လိုက်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် အဆိုပါ စစ်ကားသည် မော်လမြိုင်ကျွန်းမြို့ အခြေစိုက် ခလရ ၅၃၄ တပ် က စစ်ကားဖြစ်သည်ဟု ဒေသခံ အုပ် ချုပ်ရေး အဖွဲ့ဝင်အချို့ထံမှ သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ် စစ်ကောင်စီ၏ လူမှုကွန်ရက် စာမျက်နှာတွင် တရားခံအား လိုက်လံဖမ်းဆီးရင်း ရာဇူ ဒိုင် တံတားအဆင်းတွင် တွေ့ရှိ၍ ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦး ဖမ်းဆီးရမိ သည် ဟု ရေးသားဖော်ပြထားပြီး သတင်းအမှား ဖြန့်ဝေထားသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ရာဇူဒိုင် တံတားအနီး နေထိုင်သူ တစ်ဦးက “ရွာသားက ရေနဲ့ ပက်မလို့လုပ် နေတုန်း စစ်ကားပေါ်က သေနတ်နဲ့ ပစ်လိုက်တာ လေးငါးချက်ပဲ” ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုသည် စစ်ကောင်စီတပ်က စစ်ရာဇတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး ပစ်ခတ်ခံရသည့်သူ နှစ်ဦးမှာ သာ မန် ရွာသားများ ဖြစ်သည်ဟု မော်လမြိုင်ကျွန်း ဒေသ အခြေစိုက် ဧရာဝတီ လူအခွင့်အရေး တက်ကြွလှုပ်ရှားသူ များကွန်ရက်  တာဝန်ရှိသူက ပြောသည်။

ဧရာဝတီတိုင်း စစ်ကောင်စီက သင်္ကြန်ကာလအတွင်း မြို့နယ်တိုင်းတွင် လုံခြုံရေးအပိုင်းကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက်ခဲ့သော်လည်း မော်လမြိုင်ကျွန်းမြို့ရှိ ဗဟိုသင်္ကြန်မဏ္ဍပ်တွင် ဧပြီလ ၁၅ ရက်နေ့ က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

Most read this week

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...