Published
Monday, April 11, 2022
မီဇိုရမ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင်တွေကို ယာယီမှတ်ပုံတင်စထုတ်ပေးတော့မယ်
အိန္ဒိယ နိုင်ငံ၊ မီဇိုရမ် ပြည်နယ်ကို စစ်ဘေးရှောင် လာတဲ့ မြန်မာနိုင်ငံသားတွေကို ယာယီမှတ်ပုံတင်ကဒ်ပြားများကို စတင်ထုတ်ပေးတော့မယ်လို့ မီဇိုရမ်ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
မီဇိုရမ် ပြည်ထဲရေးရဲ့စာအရ ဒီမှတ်ပုံတင်ကဒ်ပြကို မီဇိုရမ်ပြည်နယ် တခုတည်းမှာပဲ အသုံးပြုခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။
မီဇိုရမ်ပြည်နယ်ရဲ့ ခရိုင် ၁၁ခုမှာ မြန်မာနိုင်ငံသား အထူးသဖြင့် ချင်းလူမျိုး စစ်ဘေးရှောင် ၂၉၅၃၂ ကို စာရင်း ရယူထားနိုင်ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။







