မွန်အမျိုးသားဝတ်စုံ နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနားကျင်းပ

မွန်အမျိုးသားဝတ်စုံ နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနားကျင်းပ

မွန်အမျိုးသားဝတ်စုံ နှစ် (၅၀) ပြည့် ရွှေရတုအခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဆန်းရှိုင်းဟိုတယ်၌ ဧပြီ ၁၀ရက်တွင် စည်ကားစွာ ကျင်းပခဲ့ကြောင်း ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

အဆိုပါပွဲတွင် ခေတ်အလိုက်ဝတ်စားဆင်ယင်မှုများကို တင်ဆက်ပြသခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး နိုင်ကောင်းလဝီက ဆိုသည်။

"ဒီကနေ့ ပွဲကို မွန်ပြည်နယ် အစိုးရအဖွဲ့တွေ တက်ရောက်ခဲ့တယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးတက်ရောက်ခဲ့တယ်။ ကျွန်တော်တို့ နောက်နှစ်တွေမှာ ကျင်းပဖို့ကတော့ မသေချာဘူး။ နောက် စိန်ရတုကျရင်တော့ ကျင်းပဖြစ်ကောင်း ကျင်းပနိုင်ပါတယ်"ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလက  နှစ် ၅၀ ပြည့်ခဲ့ကာ ကိုဗစ်ရောဂါများကြောင့် မကျင်းပနိုင်ခဲ့သည့် မွန်အမျိုးသားဝတ်စုံနှစ် ၅၀ပြည့်အခမ်းအနားအား နောင်တွင်ကျင်းပရန် မသေချာသေးကြောင်း နိုင်ကောင်းလဝီက မွန်သတင်းအေဂျင်စီကို ပြောသည်။

မွန်အမျိုးသားဝတ်စုံ ရွှေရတုပွဲအခမ်းအနား ကျင်းပရခြင်းရည်ရွယ်ချက် ၄ ချက်ရှိပြီး မွန်ဝတ်စုံဖြစ်ပေါ်လာရသည့် အကြောင်းရင်းနှင့် ဝတ်စုံကို မျိုးချစ်စိတ် ရှင်သန်ထက်မြက်ရေး ဝတ်ဆင်သွားကြရန် ရည်ရွယ်ရခြင်းဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ် ၅၀ က တက္ကသိုလ်ကျောင်းသားများ စုစည်း စစ်တမ်းကောက်ခဲ့သည့် မွန်ဝတ်စားဆင်ယင်မှုကို နောင်လာနောင်သားများသိစေရန်၊ မွန်ဝတ်စားဆင်ယင်မှုကို နောင်လာနောင်သားများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားစေရန် မွန်ဝတ်စားဆင်ယင်မှုကို အကောင်အထည်ဖော်ခဲ့သည့် နာယကအဖွဲ့များကို အသိအမှတ်ပြုဂုဏ်ပြုရန်နှင့် မွန်ဝတ်စားဆင်ယင်မှုကို ပွဲလမ်းသ‌ဘင် အခမ်းအနားများတွင် စံနာမူနာအဖြစ်သတ်မှတ်ပြီး မျိုးချစ်စိတ်ဇာတိမာန် ရှင်သန်ထက်မြက်စေရန်ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း နိုင်ကောင်းလဝိက ရှင်းပြသည်။

မွန်အမျိုးသားဝတ်စုံ နှစ် (၄၀) ပြည့် အခမ်းအနားအား  ၂၀၁၃ ခုနှစ်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ကျင်းပခဲ့သေးသည်။

August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...
August 6, 2026
တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ လမိုင်းကော့ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့်...
August 5, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်တစ်ကြောတွင် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများမှာ နယ်စပ်...
Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...