မော်လမြိုင်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၇ လုံးကျော် ပြိုကျပျက်စီး

မော်လမြိုင်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၇ လုံးကျော် ပြိုကျပျက်စီး

မော်လမြိုင်မြို့နယ်တွင် ဧပြီ ၇ ရက် ညနေက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ၁၇ လုံး ကျော် ပြိုကျပျက်စီးခဲ့ပြီး လူ ၁၅၀ ကျော် လေဘေးသင့်ခဲ့ကြောင်း လူမှုကယ်ဆယ်ရေး အဖွဲ့ထံက သိရသည်။

မော်လမြိုင်မြို့ပေါ်တွင် သာယာအေးရပ်ကွက်တွင် အများဆုံး ပြိုကျပျက်စီးမှုဖြစ်ခဲ့ပြီး ကျန်သည့်ရပ်ကွက်များတွင် သစ်ပင်လဲကျခြင်းများသာ ဖြစ်ပေါ်ခဲ့ကြောင်း မော်လမြိုင်မြို့က အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ကိုဘိုဘိုဝင်းက ပြောသည်။

"ထိခိုက်မှုကတော့ ကျွန်တော်တို့ မော်လမြိုင်မှာဆို သာယာအေးရပ်ကွက်မှာတော့ ဖြစ်တယ်။ ပြိုတာအားလုံး ၅ လုံး ယိုင်တာ လဲတာနဲ့ အားလုံးပေါင်း ၁၇လုံးပေါ့"ဟု ၎င်းက ပြောသည်။

မြိုင်သာယာ ၁၁ လမ်းတွင်လည်း သစ်ပင်ကျိုးကျသောကြောင့် အိမ် မျက်နှာစာ ထိခိုက် ပျက်စီးခဲ့ကြောင်း ၎င်းက ပြောသည်။

တက္ကသိုလ်လမ်းအပါအဝင် မြိုင်သာယာရပ်ကွက်လမ်းများတွင် သစ်ပင်များ ကျိုးကျခဲ့သောကြောင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်းကာ လမ်းရှင်းလင်းရေးများ ပြုလုပ်နေကြောင်း ထပ်ပြောသည်။

ပြိုကျပျက်စီးခဲ့သည့် နေအိမ်များကို လူမှုကယ်ဆယ်ရေးအဖွဲ့များက သွားရောက် ကူညီခဲ့ကြပြီး လူထိခိုက်ဒဏ်ရာခြင်း မရှိကြောင်း သိရသည်။

လေဘေးသင့်ပြည်သူများကို ကူညီသူ တစ်ဦးက "အခုတော့ ထမင်းထုတ်ပို့ဖို့ စီစဉ်နေတယ်။ ထမင်းထုတ် နဲ့ ခေါက်ဆွဲထုတ်၊ ဆန်၊ ကြက်ဥ ပါမယ်။ မနေ့ညကလည်း အရေးပေါ်ချက်ပြီး လှူခဲ့တယ်။ ဒီနေ့လည်း ထပ်လှူဖို့လုပ်နေတယ်"ဟု ပြောသည်။

လက်ရှိအချိန်ထိ သက်ဆိုင်ရာဌာနများမှ လေဘေးသင့်ပြည်သူများဆီ လာရောက်ကူညီပေးခြင်း မရှိသေးကြောင်း သိရသည်။

လေဘေးသင့်ပြည်သူ ၁၅၀ ကျော်ကို လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ အကူအညီဖြင့် နီးစပ်ရာဆွေမျိုး နေအိမ်များကို ပို့ဆောင်ခဲ့ကြောင်း သိရသည်။

May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...