မူဆယ်မြို့ ပြည်သူ့စစ် သင်တန်းနေရာ ဗုံးပေါက်ကွဲမှု (၂)ကြိမ် ဖြစ်ပွား

မူဆယ်မြို့ ပြည်သူ့စစ် သင်တန်းနေရာ ဗုံးပေါက်ကွဲမှု (၂)ကြိမ် ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ သိန်းသန်းချီ ကားကြီးကွင်းအနီး ပြည်သူ့စစ်သင်တန်းနေရာ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဧပြီ (၇)ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် သိန်းသန်းချီ ကားကြီးကွင်းအနီး ပြည်သူ့စစ် သင်တန်းရှိရာ နေရာတွင် ပေါက်ကွဲသွားကြောင်း သိန်းသန်းချီ ကားကြီးကွင်းအနီး နေထိုင်သည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပွဲတော်ထမင်းဆိုင်နောက်မှာ လောင်းကစားရှိတယ်။ အဲ့ကြားမှာ ပြည်သူ့စစ်သင်တန်း ရှိတဲ့နေရာဖြစ်တယ်။ ဘယ်အဖွဲ့က လာပစ်သွားတာလဲတော့ မသိရှိရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ ပြည်သူ့စစ်သည် မည်သည့်အဖွဲ့အစည်းက ပြည်သူ့စစ်ဖြစ်သည်ကို သျှမ်းသံတော်ဆင့် မှ အတည်ပြု မရသေးပေ။

“ဘယ်အဖွဲ့က ပြည်သူ့စစ်လဲ မသိရှိရသေးဘူး။ လူထိခိုက်ဒဏ်ရာရတာ ရှိ မရှိလဲ မသိရသေးဘူး။ အသေးစိတ် အချက်အလက်ကို ကျနော်တို့လဲ မသိရဘူး” ဟု အထက်ပါ လူငယ်က ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် မတ်လ (၈)ရက်နေ့တွင်လည်း မူဆယ်မြို့ မြောက်ရပ်ကွက် နာရေးပြုလုပ်နေသည့် နေအိမ်ကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့မှ လာရောက်ပစ်ခတ်ရာ (၂)ဦး သေဆုံးသွားပြီး (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

မူဆယ်မြို့သည် တိုင်းရင်းသားလက်နက်ကိုင်များ နှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များ သွားလာလှုပ်ရှားသည့် နေရာဖြစ်သည့်အပြင် သတ်ဖြတ်လုယက်မှုများလည်း မကြာခဏ ဖြစ်ပွားသည့် နယ်စပ်မြို့တစ်မြို့ ဖြစ်သည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...